ဒေါ်အောင်ဆန်းစုကြည်၏ မြိတ်ခရီးစဉ်ကြောင့် တိုင်းလွှတ်တော်အစည်းအဝေး ရက် ရွှေ့ဆိုင်းခဲ့

29

ထားဝယ် ဖေဖေါ်ဝါရီ ၇

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ် အောင်ဆန်းစုကြည်သည် ဖေဖော်ဝါရီ လလယ်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့သို့ ရောက်ရှိနေမည်ဖြစ်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌနှင့်လွှတ်တော်ကိုယ်စားလှယ်များ သွားရောက်ရန် ရှိရာ လွှတ်တော် ပုံမှန်အစည်းအဝေးကို ရက် ရွှေ့ဆိုင်းခဲ့ကြောင်း သိရသည်။

ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွတ်တော် ၁၁ ကြိမ်မြောက်ပုံမှန်အစည်းအဝေးကို ဖေဖေါ်ဝါရီလ၁၄ ရက်တွင်ကျင်းပရန် မူလက ကြေညာထားသော်လည်း ဖေဖော်ဝါရီ ၁၁ ရက်တွင်မှ စတင် ကျင်းပမည်ဖြစ်ကြောင်း တိုင်းလွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်အေးက လွှတ်တော်ကိုယ်စားလှယ်အားလုံးထံ ယခုလ ၈ ရက်နေ့တွင် စာပေးပို့ အကြောင်းကြားထားသည်ဟု သိရသည်။

လွှတ်တော်အစည်းအဝေးကို ၃ရက်ကျင်းပပြုလုပ် မည်ဖြစ်ပြီး ကြယ်ပွင့်ပြမေးခွန်း ၁၆ခုမေးမြန်းခြင်း၊ အ သေးစားငွေချေးဥပဒေ(မူကြမ်း)၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာ ရေးနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေစာရင်းနှင့်ပြုပြင်ပြီး ရသုံးမှန်းခြေငွေစာရင်း၊ ထားဝယ်မြို့TOWN PLAN နှင့်မြိတ်မြို့ TOWN PLAN တို့ အား ဆွေးနွေးခြင်း၊ အတည်ပြုချက်ရယူခြင်းတို့ကို လုပ်ဆောင်မည်ဟု သိရသည်။

ကနဦးက ဇန်နဝါရီ ၈ရက်တွင် ကျင်းပပြုလုပ်ရန်ကြေညာခဲ့ထားခဲ့သော်လည်း တိုင်းဒေ သကြီးအစိုးရအဖွဲ့၏ ၂၀၁၈-၂၀၁၉ ဖြည့်စွက်ရန်ပုံငွေ လုပ်ငန်းလျာထားစာရင်းများကို တပြိုက်နက်အတည်ပြု နိုင်ရန် ယခုဖေဖေါ်ဝါရီလတွင် ကျင်းပပြုလုပ်ရန်အတွက် ရက်ရွှေ့ဆိုင်းထားခဲ့ခြင်းလည်း ဖြစ်သည်။

လွှတ်တော်တွင် ယခင် ၁၀ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ယမန်နှစ် စက်တင်ဘာက ပြုလုပ်ခဲ့သည်။

တင့်လွင်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်