ဝန်ကြီးချုပ် တိုင်ကြားခံရမှု အခြေအနေ လွှတ်တော်ကိုယ်စားလှယ်များ စောင့်ကြည့်နေဟု ဆို

တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်ကို အခမ်းအနားတစ်ရပ်တွင် တွေ့ရစဉ်။

ထားဝယ် ဖေဖေါ်ဝါရီ ၇

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်အား တိုင်ကြားထားသည်နှင့်ပတ်သက်၍ နိုင်ငံတော်မှတာဝန်ရှိပုဂ္ဂိုလ်များ ဆောင်ရွက်မှုအပေါ် လွှတ်တော်ကိုယ်စားလှယ်များက စောင့်ကြည့်နေပြီး ထူးခြားမှု တစုံတရာမရှိလျှင် တိုင်းဒေ သကြီးလွှတ်တော်တွင် စွပ်စွဲပြစ်တင်သည့် အခြေအနေသို့ ရောက်သွားနိုင်ကြောင်း တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးခင်မောင်အေးက ပြောကြားသည်။

“စွပ်စွဲပြစ်တင်ဖို့ဆိုရင် အက်ရှင်အပေါ်မူတည်တယ်”ဟု ဦး ခင်မောင်အေးက ဆိုသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်မှာ ဆွေမျိုးတော်စပ်သူအား ကိုယ်ရေးအရာရှိ ခန့်ထားခြင်းအပါအဝင်အဂတိကျော်စောမှုရှိသည်ဟုဆိုကာ ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများအပေါ် စုံစမ်းစစ်ဆေးအ ရေးယူပေးရန် ထားဝယ်ဒေသခံ ၄၅ဦးနှင့် မြိတ်ဒေသခံ ၆၂ ဦးတို့က ဇန်နဝါရီ ၂၃ရက်နှင့်ဖေဖေါ်ဝါရီ ၁ရက်တို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် – NLD(ဗဟို) ကိုယ်စားလှယ်များတိုင်ကြားစာဌာနသို့ တိုင်ကြားခဲ့သည်။

ယင်းတိုင်စာ မိတ္တူကို နိုင်ငံတော်သမ္မတ၊နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ NLDပါတီဗဟိုတို့ထံလည်း ပေးပို့ခဲ့သည်ဟု သိရသည်။

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ် ၁၄ဦးမှလည်း ဇန် နဝါရီ၂၈ ရက်နေ့က ပြည်သူ များပြောနေသည့်အချက်အလက်များကိုအထောက်အ ထားများနှင့်တကွ

နိုင်ငံတော်သမ္မတ၊နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်၊NLDပါတီဗဟိုကော်မတီ၊NLDပါတီ(ဗဟို)တိုင် ကြားစာကော်မတီဥက္ကဌ ဒေါက်တာမျိုးညွန့်တို့ထံ အစီရင် ခံစာပေးပို့ထားကြောင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌဦးခင်မောင်အေးက ပြောသည်။
မိမိဆွေမျိုးဖြစ်သူအား ကိုယ်ရေးအရာရှိခန့်ထားခြင်း၊ တင်ဒါမခေါ်ဘဲလျှပ်စစ်ဖြန့်ဖြူးခွင့်ပေးခြင်း၊ လေယာဉ် ကွင်းခြံရှင်းကိစ္စ၊ပုလောမြို့တော်ခန်းမနှင့် နေပြည်တော် ဧည့်ရိပ်သာကို တင်ဒါမခေါ်ဘဲလုပ်ကိုင်စေခြင်းတို့ကို အထောက်အထားနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်များက အစီရင်ခံစာပေးပို့ထားသည်ဟု သိရသည်။

“No Action ဆိုရင် လွှတ်တော်ဖက်က တစ်မျိုးပြန်စဉ်းစားမယ်၊လွှတ်တော်ကိုယ်စားလှယ်တွေ ညီညွတ်စွာ ဆုံးဖြတ်မှုအပေါ်မှာမူတည်တယ်”ဟု တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌဦးခင်မောင်အေးက ဆိုသည်။

လွှတ်တော်တွင် စွပ်စွဲပြစ်တင်ရန် ပြည်သူအပေါ်မူတည်ပြီး ပြည်သူက ခွင့်လွှတ်လျှင် ပြီးသွားမည်ဖြစ်ပြီး ခွင့်မလွှတ် လျှင်လွှတ်တော်သည် ပြည်သူကိုယ်စား တာဝန်ရှိသည် အ တွက် လွှတ်တော်ကိုယ်စားလှယ်များကပြောလာလျှင် စွပ် စွဲပြစ်တင်ခြင်းကိုလုပ်ဆောင်ရမည်ဟု၎င်းက ဆိုသည်။

သို့သော် ဖေဖေါ်ဝါရီ၁၄ရက်နေ့တွင်ကျင်းပမည့် လွှတ်တော်အစည်းအဝေးတွင် စွပ်စွဲပြစ်တင်ခြင်းကို မလုပ်ဆောင်သေးဘဲ အထက်ပါတာဝန်ရှိပုဂ္ဂိုလ်များဆောင်ရွက်မှုကို စောင့်ကြည့်လျက်ရှိသည်ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တို့ထံမှ သိရသည်။

တင့်လွင်

Leave a Reply