အမေရိကန်ဈေးကွက်တွင် အခွန် ဖိအားနှင့် ရင်ဆိုင်နေရသည့် တရုတ် ကားကုမ္ပဏီ

ပေကျင်း ဖေဖော်ဝါရီ ၈

တရုတ်နိုင်ငံမှာ အခြေစိုက်ထုတ်လုပ်တဲ့ Volvo ကားကုမ္ပဏီဟာ ပေကျင်းနဲ့ ဝါရှင်တန်နိုင်ငံတွေမှာ ရုံးစိုက်ပြီး အာရှနဲ့ ကမ္ဘာ့ဈေးကွက်ကို ထုတ်လုပ်ဖြန့်ချိလျက်ရှိပါတယ်။

ဒါပေမဲ့ မကြာသေးခင်က စတင်ဖြစ်ပေါ်ခဲ့တဲ့ တရုတ်နဲ့ အမေရိကန် ကုန်သွယ်ရေးစစ်ပွဲကြောင့် ကုမ္ပဏီကို နှစ်ပြည့် အခွန်တွေအပြင် ပြည်ပရင်းနှီးမြှုပ်နှံသူတွေသာ သီးသန့်ဆောင်ရတဲ့အခွန်ငွေအပေါ် တိုးမြှင့်ကောက်ခံပြီး ဖိအားပေးခံနေရပါတယ်။

တရုတ်နဲ့ အမေရိကန်တို့ မသင့်မြတ်မှုဟာ ဝါရှင်တန်နဲ့ ပေကျင်းနိုင်ငံတွေမှာ ကားထုတ်လုပ်သူတွေအတွက် ဖိအားနဲ့ ရင်ဆိုင်နေရတဲ့နှစ်ဖြစ်ပြီး ဥရောပဈေးကွက်မှာလည်း ဝယ်လိုအားလျော့ကျမှုနဲ့ ရင်ဆိုင်နေရပါတယ်။

“အခုနှစ်အတွက်တော့ ထုတ်ကုန်တွေကို ပိုကောင်းမွန်ပြီး စွမ်းဆောင်ရည်မြှင့်တင်အောင် ကြိုးစားနေပါတယ်။ ဒါပေမဲ့ ကြီးမားတဲ့ ဖိအားအောက်မှာ အလုပ်လုပ်နေရတဲ့ သဘောဆောင်နေပါတယ်”လို့ Volvoကားကုမ္ပဏီရဲ့ အုပ်ချုပ်မှုဒါရိုက်တာ ဟန်ကန်ဆန်မြူဆန်က ပြောပါတယ်။

ကားထုတ်လုပ်တဲ့အပိုပစ္စည်းထုတ်လုပ်တဲ့ ရှယ်ယာရှင်တွေကတော့ ယခုနှစ်ဟာ ကားကုမ္ပဏီတွေအတွက် စိန်ခေါ်မှု အကြီးမားဆုံးဖြစ်ခဲ့တယ်လို့ ဆိုကြပါတယ်။

သုတေသနပြုချက်တွေအရ ကားကုမ္ပဏီတွေအမြတ်ငွေရဲ့ လေးပုံတစ်ပုံလောက်ဟာ အခွန်ငွေတွေဆောင်ဖို့ နဲ့ အထွေထွေ ကုန်ကျစရိတ်တွေဖြစ်ခဲ့ရပါတယ်လို့ ဖော်ပြထားပါတယ်။
လက်ရှိ Volvo ကားကုမ္ပဏီဟာ မော်ဒန်အသစ်တွေကို ထုတ်လုပ်ဖို့ ရပ်ဆိုင်းထားပြီး ၂၀၁၉ အကုန်လောက်မှ သာ ထုတ်လုပ်မယ်လို့ ကြေညာထားပါတယ်။

CAN

Leave a Reply