မရမ်းကျေးရွာတွင် ရေဆင်းတံတားဆောက်လုပ်မည်

ချောင်းဆုံ ဖေဖေါ်ဝါရီ ၇

ချောင်းဆုံမြို့နယ် မရမ်းကျေးရွာရေဆင်းတံတားကို ၂၀၁၈-၁၉ မြို့နယ်စည်ပင်သာယာရေးဘတ်ဂျက်ဖြင့် ဆောက်လုပ်ရန်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနထံမှ သိရသည်။

တံတားကို အရှည် ပေ ၁၀၀ အကျယ် ၁၅ ပေ တည်ဆောက်မည်ဖြစ်ပြီး ကျပ်သိန်းသုံးရာ အသုံးပြုမည်ဖြစ်ကြောင်း ယင်းဌာန အမှုဆောင်အရာရှိ ဦးအုန်းသန့်က ဆို၏။

“ပိုင်တိုင်ရိုက်ဖို့ပညာရှင်တွေကို ချိတ်ဆက်ထားပြီးဖြစ်တယ်။ သူတို့ဆောင်ရွက်နေတဲ့လုပ်ငန်းကိုလက်စသတ်နေတယ် ။ပညာရှင်တွေရတာနဲ့ လုပ်ငန်းကိုစတင်အကောင်အထည်ဖော်သွားမှာဖြစ်တယ်”ဟု ၎င်းကဆိုသည်။

Advertisements

မရမ်း ၊ ကွမ်သဲ၊ နတ်မှော် ၊ ကုလားဘီ ကျေးရွာများမှ ဟင်္သာကျွန်းတွင်လယ်ယာလုပ်ငန်း သွားရောက်လုပ်ကိုင်နေကြသည့်လယ်သမားများ ၊ရေလုပ်သားများအချိန်အခါမရွေးသွားလာနိုင်ခြင်း ၊ ဌာနဆိုင်ရာများအလွယ်တကူဆက်သွယ်သွားလာနိုင်ခြင်း တို့အတွက်ရည်ရွယ်ကြောင်း ၎င်းကဆက်လက်ရှင်းပြသည်။

“ရေဆင်းတံတားရှိရင်တော့ လယ်ယာထွက်ကုန်တွေကိုအချိန်အခါမရွေး သယ်ဆောင်နိုင်မယ် ဟင်္သာကျွန်းကို ပညာရေးဝန် ထမ်းတွေ ၊ ကျန်းမာရေးဝန်ထမ်းတွေလည်းအလွယ်တကူသွားလာနိုင်တော့မှာဖြစ်တယ်”ဟုမရမ်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ငွေက ပြောသည်။

မရမ်းကျေးရွာတွင် ယခင်ကရေဆင်းတံတားရှိခဲ့သော်လည်း ရေတိုက်စားမှုများကြောင့် ပြိုကျပျက်စီးခဲ့ကြောင်း၊ ကမ်းပြိုမှုကြောင့် လူနေအိမ်အချို့ အမြင့်ပိုင်းသို့ပြောင်းရွှေ့နေထိုင်ခဲ့ရသည်များလည်းရှိကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ဆိုသည်။

လွတ်လပ်မောင်(ယက္ခမြေ)

Advertisements

Leave a Reply