ဆယ်ဗလာကျေးရွာတွင် မြေထိန်းနံရံ တည်ဆောက်နေ

18

ပင်လယ်ကမ်းနားပိုင်းနှင့် နီးကပ်တည်ရှိသည့် ချောင်းဆုံမြို့နယ် ဆယ်ဗလာကျေးရွာတွင် မြေထိန်းနံရံကာရံခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အရှည်ပေ ၉၅၀ ၊ အမြင့် ၃ ပေ ၊ ထိပ်ဝထု ၂ ပေရှိ အဆိုပါ မြေထိန်းနံရံလုပ်ငန်းကို လူထု ဗဟိုပြုစီမံကိန်းခွင့်ပြုဘတ်ဂျက် ငွေ ကျပ် ၃၃၅ သိန်းကျော်ဖြင့်လုပ်ငန်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးဗညား က ပြောသည်။

“ပင်လယ်ကမ်းနားကျေးရွာဖြစ်တဲ့အတွက် ရေတိုက်စားမှုဒဏ် ၊ ရာသီဥတုဒဏ် ခံနိုင်ရည်ရှိအောင်မြေထိန်း နံရံကာရံတဲ့လုပ်ငန်းကို ခုစတုတ္ထနှစ်ရာသီစက်ဝန်းအတွင်းမှာ ဒေသခံတွေကဦးစားပေးရွေးချယ်လုပ်ကိုင် ခဲ့ခြင်းဖြစ်တယ်”ဟု ဆယ်ဗလာကျေးရွာအုပ်ချုပ်ရေးမှူး ဦးအေးနိုင်ကဆိုသည်။

ဆယ်ဗလာကျေးရွာမှာ မိုးရာသီရောက်တိုင်း နှစ်စဉ်ရေကြီး ရေလျှံမှုများကြုံတွေ့ခဲ့ရ ကြောင်းနှင့်ဒေသခံအများစုမှာ ရေလုပ်ငန်းလုပ်ကိုင်ကြောင်း ၎င်းကဆက်လက်ပြောသည်။

“ဆယ်ဗလာကျေးရွာမှာ ပုံမှန်ပင်လယ်ရေအတက်အကျရှိတယ် ။ ရေအတက်အကျမြန်တယ် ။ဒီရေတောတွေ လည်းရှိလာတဲ့အတွက် လွန်ခဲ့တဲ့ ၁၀ နှစ်ဝန်းကျင်ကထက်ကိုရေတိုက်စားမှုဒဏ်တွေလည်းနည်းလာတယ် ။ အခုလိုမြေထိန်းနံရံတွေလုပ်လိုက်တော့ပိုပြီးခိုင်မာမှုတွေရလာမယ်”ဟု ဒေသခံ ဦးဝင်းက ဆိုသည်။

လွတ်လပ်မောင်(ယက္ခမြေ)

Advertisements

Leave a Reply