နှစ်သစ်ကူးကာလတွင် ကမ္ဘောဒီးယားနိုင်ငံသို့ ခရီးသွားဆယ်သိန်းခန့် လာရောက်လည်ပတ်

ဖနွမ်းပင် ဖေဖော်ဝါရီ

တရုတ်နှစ်ကူးကာလ သုံးရက်တာအတွင်း ကမ္ဘောဒီးယားနိုင်ငံတွင် ပြည်တွင်းပြည်ပခရီးသွား ၉၃ဝ,ဝဝဝ ဦးထိ လည်ပတ်ခဲ့ကြရာ ၈.၁ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံခရီးသွားဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၁ ရက်တွင်ပြောကြားခဲ့သည်။

ပွဲတော်ကာလတွင် ပြည်တွင်းခရီးသွား ၈၂၆,၇၆၁ ဦး နိုင်ငံအတွင်း လည်ပတ်ခဲ့ကြပြီး တစ်နှစ်ထက်တစ်နှစ် ၁၁ ရာခိုင်နှုန်းထိ ထုတ်ပြန်သောစာရင်းများအရ သိရသည်။ ထို့အပြင် ကမ္ဘာလည့်ခရီးသွား ၁ဝ၅,၃၇ဝ ဦးလာရောက်လည်ပတ်ခဲ့ရာ ၂.၅ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း ၎င်းကဆိုသည်။

“ခရီးသွားတွေ ဝင်တာများလာလို့ နိုင်ငံခြားဝင်ငွေက တစ်လအတွင်း တော်တော်လေးမြင့်တက်သွားတယ်။ ကမ္ဘောဒီးယားနိုင်ငံကို ခရီးသွားလုပ်ငန်းအဓိကထားပြီး ဦးစားပေးတဲ့နိုင်ငံအဖြစ်ဖော်ဆောင်သွားမယ်” ဟု ကမ္ဘောဒီးယားနိုင်ငံ ခရီးသွားဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မစ္စတာ စွန်နန်ထင်းကပြောသည်။

ကမ္ဘာဒီးယားနိုင်ငံအတွင်း လည်ပတ်ကြသူများသည် နိုင်ငံအနောက်မြောက်ပိုင်းရှိ စီယံရိဒ်(Siem Reap) အန်းကောဝတ်ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ၊ အရှေ့တောင်ပိုင်းပြည်နယ် လေးခုကို ဆက်သွယ်ပေးထား သည့် အရှည် ၄၄ဝ ကီလိုမီတာရှိ ကမ်းခြေတစ်လျှောက် နှင့် အရှေ့မြောက်ပိုင်းပြည်နယ်များအတွင်းရှိ သဘာဝ ခရီးသွားနေရာများသို့အများဆုံးလည်ပတ်ခဲ့ကြကြောင်း သိရသည်။

တရုတ်နှစ်သစ်ကူး(သို့မဟုတ်) နွေဦးပွဲတော်သည် ကမ္ဘောဒီးယားနိုင်ငံ၌ အစိုးရရုံးပိတ်ရက် မဟုတ်သော်လည်း နိုင်ငံအတွင်း၌ လူပေါင်းများစွာ ဆင်နွှဲခဲ့ကြသည်။

ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်ဆမ်ဒက်ဟွန်ဆန်က နိုင်ငံ့ဝန်ထမ်းများစွာ နှင့် ဖနွမ်းပင်မြို့ရှိ ပြည်သူများစွာသည် နွေဦးပွဲတော်ကို ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း ဖေဖော်ဝါရီ ၅ တွင်ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၁၉ခုနှစ်အတွင်း ခရီးသွားအနည်းဆုံး ဆယ်သန်းခန့်ဝင်ရောက်ရင် ယုံကြည်ထားပြီး ပထမနှစ်လတွင် သတ်မှတ်ပမာဏ၏ ၂၀ရာခိုင်နှုန်းကျော်အထိ ဝင်ရောက်ခဲ့ကြောင်း သိရသည်။

Bangkok Post

Leave a Reply