ပြည်ခိုင်ဖြိုး ပါတီ ဗဟိုမှ ညွှန်ကြားချက် နှစ်ချက် မီဒီယာများသို့ ချပြရှင်းလင်း

မော်လမြိုင် ဖေဖော်ဝါရီ

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုမှ ညွှန်ကြားချက် နှစ်ချက်ကို ဖေဖော်ဝါရီ ၆ ရက်တွင် ပြည်နယ်ပါတီရုံးခန်းမ၌ မီဒီယာများအား ချပြရှင်းလင်းခဲ့သည်။

အဆိုပါ အချက်နှစ်ချက်မှာ ပါတီဝင်များမှ လွှတ်တော်အတွင်း မေးခွန်းမေးမြန်းသည့် လွှတ်တော် ကိုယ်စားလှယ်များ ပြန်ရုပ်သိမ်းနိုင်သည့် မေးခွန်းနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ပတ်သက်၍ ပါတီ၏ သဘောထားများဖြစ်ကြောင်း ပြည်နယ်အတွင်းရေးမှူး ဦးဝင်းမော်ဦးက ပြောသည်။

ပြည်သူများ ရွေးကောက်တင်မြှောက်သည့် လွှတ်တော်ကိုယ်စားများ ဖြစ်သည့်အတွက် ကိုယ်စားလှယ်များ အရည်အချင်းကို ပြည်သူများအနေဖြင့် စမ်းစစ်ခွင့် ရှိသင့်သောကြောင့် လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပြန်လည်ရုပ်သိမ်းသည့် ဥပဒေကို အမြန်ဆုံး အကောင်အထည်ဖော်သင့်ကြောင်း ၎င်းက ဆိုသည်။

ထို့နောက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း ပြင်ဆင်ရန် ပါတီအနေဖြင့်လည်း သဘောတူပြီး ၊ပြင်ဆင်ရန်အတွက် ကန့်ကွက်နေခြင်း မဟုတ်ဘဲ လုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ဆောင်ရန် လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ထို့ပြင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မွန်ပြည်နယ်သတင်းထုတ်ပြန်ရေးနှင့် ပြန်ကြားရေး ကော်မတီမှလည်း မီဒီယာများနှင့် ထိတွေ့မှု မပြတ်စေရန် အလျဉ်းသင့်သလို တွေ့ဆုံရန် ဖိတ်ကြားသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

တေဇ

Leave a Reply