ဇမိ မြစ်ကူး သာမန်ကြိုးတံတား တည်ဆောက်ရန် အစီအစဉ်မရှိ

ဓာတ်ပုံ - ကရင်ပြည်နယ်လွှတ်တော်

မော်လမြိုင် ဖေဖော်ဝါရီ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူ မြို့အတွင်းရှိ ဘုရားတောင် (လေးဖာထော)မှ မိပရံကျေးရွာကို ဖြတ်သန်းနိုင်သော ဇမိမြစ်ကူး သာမန်ကြိုးတံတား တစ်စင်းတည်ဆောက်ပေးရန် အစီအစဉ်မရှိကြောင်း သိရသည်။

ပြည်နယ်အစိုးရအဖွဲ့ဝင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ သစ်တော၊ သတ္တုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးစောပြည်သာက ဖေဖော်ဝါရီ ၇ ရက်တွင်ပြုလုပ်သော ဒုတိယအကြိမ် ကရင်ပြည်နယ် လွှတ်တော် နဝမပုံမှန် အစည်းအဝေး၌ လွတ်တော်ကိုယ်စားလှယ်၏ မေးခွန်းကို တုန့်ပြန်ဖြေကြားစဉ် ယင်းသို့ ပြောသည်။

မိပရံကျေးရွာတွင် အိမ်ခြေ အနည်းငယ်သာရှိပြီး ဇမိချောင်းအပြင်တွင် ခန့်မှန်းပေ ၂၀၀ ခန့်ရှိသဖြင့် သာမန်ကြိုးတံတား တည်ဆောက်ရန် အစီစဉ် မရှိကြောင်း ပြည်နယ်ဝန်ကြီးက ပြောသည်။

Advertisements

ဖေဖော်ဝါရီ ၇ ရက်တွင်ပြုလုပ်သော ဒုတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် နဝမပုံမှန် အစည်းအဝေးတွင် ကြာအင်းဆိပ်ကြီးမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးတင်မျိုးဦး၏ မေးမြန်းချက် အပေါ် ပြန်လည်ဖြေကြားခဲ့ ခြင်းဖြစ်သည်။

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူ မြို့အတွင်းရှိ ဘုရားတောင် (လေးဖာထော)မှ မိပရံကျေးရွာကို ဖြတ်သန်းနိုင်သော ဇမိမြစ်ကူး သာမန်ကြိုးတံတား တစ်စင်းတည်ဆောက်ပေးနိုင်ခြင်း ရှိမရှိ မေးခွန်းမေးမြန်းခဲ့သည်။

ဇမိမြစ်သည် ထိုင်းနိုင်ငံ နှင့် မြန်မာနိုင်ငံ နယ်စပ်အနီး တနင်္သာရီ တောင်တန်းမှ မြစ်ဖျားခံလာသော မြစ်တစ်စင်းဖြစ်ပြီး ကရင်ပြည်နယ် ဘုရားသုံးဆူမြို့မှ အနောက်ဖက် ၉ မိုင်ခန့်အကွာ ချောင်းဆုံကျေးရွာမှ စတင်မြစ်ဖျားခံကာ ကရင်ပြည်နယ်အနောက်ပိုင်း တောင်မှမြောက်သို့ ဖြတ်သန်းစီးဆင်းလာပြီး ဝင်းရော်မြစ် နှင့် ချောင်းနှစ်ခွရွာအနီးတွင် ပေါင်းစပ်သွားကာ အတ္တရံမြစ် အဖြစ်စီးဆင်းသွားသည်။

ကိုးကား – ကရင်ပြည်နယ်လွှတ်တော်

Advertisements

Leave a Reply