ရုရှားနိုင်ငံတွင်း ဖွံ့ဖြိုးရေးစီမံကိန်းများအတွက် အမေရိကန်ဒေါ်လာ ဘီလီယံ ၄၀၀ နီးပါး သုံးမည်

မော်စကို ဖေဖော်ဝါရီ

ရုရှား နိုင်ငံက ၂၀၁၉ – ၂၀၂၄ ခုနှစ် အမျိုးသား မဟာ ဗျူဟာမြောက် ဖွံ့ဖြိုး တိုးတက်ရေး နယ်ပယ်များ စီမံကိန်းတွင် ရူဘယ် ၂၅.၇ ထရီလီယံ(အမေရိကန် ဒေါ်လာ ၃၉၁ ဘီလီယံ) အသုံးပြုသွားရန် စီစဉ် ထားကြောင်း ရုရှား အစိုးရက ဖေဖော်ဝါရီ ၁၁ ရက်တွင် ပြောကြားခဲ့သည်။

ထိုအမျိုးသား စီမံကိန်းများထဲတွင် သိပ္ပံ ၊ နည်းပညာ နှင့် လူမှုစီးပွား အောင်မြင်မှုများ ဖြစ်ပေါ် တိုးတက်ခြင်း ၊ လူနေမှု အဆင့်အတန်း မြင့်မားခြင်း ၊ မိမိ ကိုယ်တိုင် အခွင့်အရေး နှင့် အခြေအနေများကို ဖန်တီးခြင်း နှင့် တစ်ဦးတစ်ယောက်ချင်းစီ၏ စွမ်းရည်များ ထုတ်ဖော်ခြင်း တို့ပါဝင်ကြောင်း ရုရှား အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုလက်မှတ်ရေးထိုးလိုက်သော အမိန့်တစ်ရပ်သည် ရုရှားနိုင်ငံသမ္မတပူတင်က ပြီးခဲ့သော နှစ် မေလတွင် ရေးဆွဲ ခဲ့သည့် လမ်းပြမြေပုံတစ်ခုကို အကောင်အထည်ဖော်ရန် နောက်ဆုံးပြုလုပ်သည့် ဆောင်ရွက်ချက် တစ်ခု ဖြစ်သည်။

Advertisements

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်မှုများ အပါအဝင် ၂ဝ၂၄ ခုနှစ် အရောက်တွင် နယ်ပယ်ကဏ္ဍစုံ၌ တစ်မျိုးသားလုံးဖွံ့ဖြိုးတိုးတက်စေရန် ရည်မှန်းလုပ်ဆောင်သည့် အစီအစဉ်တစ်ခုလည်း ဖြစ်ကြောင်း သိရသည်။

ထိုစီမံကိန်းများ အတွက် ပြည်ထောင်စု ဘတ်ဂျက်မှ ရူဘယ် ၁၃.၂ ထရီလီယံ ၊ ပြည်နယ် ဘတ်ဂျက်မှ ရူဘယ် ၄.၉ ထရီလီယံ ၊ အခြား ဘတ်ဂျက် အရင်းအမြစ်များမှ ရူဘယ် ၇.၅ ထရီလီယံ နှင့် နိုင်ငံ၏ အခြား ဘတ်ဂျက် ရန်ပုံငွေများမှ ရူဘယ် ၁၄၇.၈ ထရီလီယံ အသုံးပြုသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အစိုးရအနေဖြင့် ဘက်စုံအခြေခံအဆောက်အအုံများ စီမံကိန်းဖွံ့ဖြိုးတိုးတက်စေရန် အပါအဝင် အမျိုးမျိုးသော စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ရထောက်ပံ့ရံပုံငွေ ရူဗယ် ၁ဝ.၁ ထရီလီယံ(အမေရိကန်ဒေါ်လာ ၁၅၃.၈ ဘီလီယံ) ကို အသုံးပြုသွားမည်ဖြစ်သည်။

ထို့ပြင် သဘာ၀ ပတ်ဝန်းကျင် ဂေဟ စနစ် ဆိုင်ရာ စီမံကိန်းများ၊ အိုးအိမ် နှင့် မြို့ပြ ပတ်ဝန်းကျင် ၊ လုံခြုံသည့် အရည်အသွေးမြင့် လမ်းများ အပါအဝင် ပြည့်စုံသော လူနေမှု ပတ်ဝန်းကျင် တစ်ခုကို ပုံဖော်ရန် ရူဘယ် ၉.၉ ထရီလီယံ အသုံးပြုသွားမည် ဖြစ်ကြောင်း၊ ကျန်းမာရေး စောင့်ရှောက်မှု ၊ ပညာရေး နှင့် ယဉ်ကျေးမှု တို့အတွက် ၅.၇ ထရီလီယံ အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။

CNN

Advertisements

Leave a Reply