အရောက်လာဖို့ ဖိတ်ပါသည် ဟံသာဝတီပဲခူးတွင် ကျင်းပမည့် (၇၂)ကြိမ်မြောက် မွန်အမျိုးသားနေ့ဆီ

99

 

(၇၂) ကြိမ်မြောက် မွန်အမျိုးသားနေ့(ဗဟို)အခမ်းအနားကို လာမည့် ဖေဖော်ဝါရီလ(၂၀)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ (မွန်တို့၏ ဟံသာဝတီမင်းနေပြည်တော်)ရှိ ရွှေမော်ဓောဘုရားရှေ့ ရင်ပြင်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ရပ်ဝေးရပ်နီးမှ မွန်အမျိုးသားအပေါင်း၊ တိုင်းရင်းသား ညီအစ်ကိုမောင်နှမအပေါင်း တက်ရောက်ကြပါရန် (၇၂)ကြိမ်မြောက် မွန်အမျိုးသားနေ့ကျင်းပရေးဗဟိုကော်မတီမှ ဂါရဝရှေ့ထားပြီး ဖိတ်ခေါ်ပါသည်။

ဤအစီအစဉ်ကို (၇၂)ကြိမ်မြောက်၊ မွန်အမျိုးသားနေ့ကျင်းပရေး (ဗဟို)ကော်မတီ၊ ပြန်ကြားရေးဌာနမှ တင်ဆက်ခြင်းဖြစ်ပြီး ဟင်္သာမီဒီယာသတင်းဌာနမှ ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်