(ဓါတ်ပုံ အညွှန်း – SR Icon မှ မော်လမြိုင်ငွေမိုးဟိုတယ်တွင် ပြုလုပ်သည့် ဟောပြောပွဲကို ဆရာအော်ပီကျယ်က ဟောပြောနေစဉ်)

မွန်ပြည်နယ်၊ မော်လမြိုင် ငွေမိုးဟိုတယ်တွင် ဇန်နဝါရီ ၉ ရက်က အောင်မြင်မှု လမ်းကြောင်းပေါ်သို့ လျှောက်လှမ်းရန် ကြိုးစားနေကြသော လူငယ်များ သိသင့်သည်များကို သိရှိနိုင်ရန် SR Icon မှ “ အောင်မြင်မှု ဆိုသည်မှာ” ခေါင်းစဉ်ဖြင့် ဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း SR Icon ထံမှ သိရသည်။

ဟောပြောပွဲကို ဆရာအော်ပီကျယ်၊ ဆရာအတ္တကျော် (ဆူဒိုနင်)၊ ဆရာအုန်းဝမ် (ရန်ကုန်တက္ကသိုလ်) တို့မှ ဟောပြောခဲ့ကြောင်း ဟောပြောပွဲ တက်ရောက်သူများထံမှ သိရသည်။

ဆရာအတ္တကျော် (ဆူဒိုနင်) က “လူရည်လည်မှ ထွန်းပေါက်ကြ၏” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး ဆရာအုန်းဝမ် (ရန်ကုန်တက္ကသိုလ်) က “ရှိဖို့လိုတယ်” ခေါင်စဉ်ဖြင့် ဟောပြောခဲ့ကြောင်းနှင့် ဆရာအော်ပီကျယ်က “သိပါ” ဆိုသည့် ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ခြင်းဖြစ်သည်။

(ဓါတ်ပုံ အညွှန်း – SR Icon မှ မော်လမြိုင်ငွေမိုးဟိုတယ်တွင် ပြုလုပ်သည့် ဟောပြောပွဲကို ဆရာအော်ပီကျယ်က ဟောပြောနေစဉ်)
(ဓါတ်ပုံ အညွှန်း – SR Icon မှ မော်လမြိုင်ငွေမိုးဟိုတယ်တွင် ပြုလုပ်သည့် ဟောပြောပွဲကို ဆရာအော်ပီကျယ်က ဟောပြောနေစဉ်)

“မြန်မာ့စီးပွားရေး နယ်ပယ်အသီးသီးမှာ လမ်းကြောင်းပေါ်ကို ရောက်ရှိနေနှင့်ပြီးသော ပုဂ္ဂိုလ်များထံမှ အောင်မြင်မှု နည်းလမ်းများကို သိရှိနိုင်ရန်အတွက် SR Icon အစီအစဉ်အား “အောင်မြင်မှု ဆိုသည်မှာ” ခေါင်းစဉ်ဖြင် ့ စာပေဟောပြောပွဲကို ကျင်းပရခြင်းဖြစ်ပါတယ် “ ဟု SR Product Manager ဖြစ်သူ Mr. James Koh က ပြောသည်။

“ရှိဖို့လိုတယ်” ခေါင်းစဉ်ဖြင့် လူငယ်များအတွက် ၎င်းတို့လုပ်ကိုင်မည့်လုပ်ငန်းနှင့် ပက်သက်သည့် အရည် အချင်းများ ရှိထားသင့်ကြောင်းနှင့် ပြောင်းလဲမှုများနှင့်အညီ လိုက်လျောညီထွေဖြစ်ရန် လိုအပ်သည့်အပြင် မိမိတွင်ရှိသည့် အရည်အချင်းများကို ပိုမိုတိုးတက်အောင် လုပ်ဆောင်ထားရန် လိုအပ်ကြောင်း ဆရာအုန်းဝမ် (ရန်ကုန်တက္ကသိုလ်) မှ ဟောပြောခဲ့သည်။

Leave a Reply