ရင်ခွင်မဲ့ ကလေးငယ်များ ကာကွယ်စောင့်ရှောက်ရေးနှင့် ရှုတ်ချရေးအသင်း ခရိုင်နှင့် ပြည်နယ်အဆင့် ဖွဲ့စည်းမည်

မော်လမြိုင် ဖေဖော်ဝါရီ ၁၅

ရင်ခွင်မဲ့ ကလေးငယ်များ ကာကွယ်စောင့်ရှောက်ရေးနှင့် ရှုတ်ချရေး အသင်းကို ခရိုင်အဆင့်နှင့် ပြည်နယ်အဆင့် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကိုကိုနိုင်က ပြောသည်။

အဆိုပါ အသင်းဖွဲ့စည်းရန် ခရိုင်အဆင့်နှင် ပြည်နယ်အဆင့်အတွက် ပါဝင်မည့် ကိုယ်စားလှယ်များ ရွေးချယ်ထားပြီးဖြစ်ကာ မြို့နယ်အဆင့်ကို ဖွဲ့စည်းထားပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။

ယင်း အသင်းဖွဲ့စည်းပြီးပါက ရင်ခွင့်မဲ့ ကလေးသူငယ်များအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ပေးသွားမည်ဖြစ်ပြီး လက်ရှိတွင် မွေးကင်းစ ကလေးငယ်များ ဖွံ့ဖြိုးရေးအတွက် စီမံချက် အနေဖြင့် ပေါင်မြို့နယ်နှင့် သထုံမြို့နယ်တွင် လုပ်ဆောင်လျက်ရှိကြောင်း ၎င်းက ပြောသည်။

ကလေးသူငယ်များသည် သန္ဓေစတည်သည့် အချိန်မှ စ၍ ကလေးသူငယ် အခွင့်အရေးအရ ရှင်သန်သည့် အခွင့်အရေး ရှိကြောင်း၊ မွန်ပြည်နယ် လွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လဲ့က မှတ်ချက်ပေးသည်။

လူမှုဝန်ထမ်း ဦးစီးဌာနအနေဖြင့်လည်း ကလေးသူငယ်ဥပဒေနှင့် အညီ လုပ်ဆောင်လျက်ရှိပြီး ကာကွယ်စောင့်ရှောက်ရေးနှင့် ပြုစုပျိုးထောင်ရေးအတွက် ကလေးသူငယ်များကို စောင့်ရှောက်သည့် လုပ်ငန်းများ ၊ဥပဒေနှင့် ငြိစွန်းသည့် ကလေးများကိုလည်း လူငယ်သင်တန်းကျောင်းတွင် ထိန်းသိမ်း စောင့်ရှောက်ပေးလျက်ရှိကြောင်း ၎င်းကထပ်လောင်း ပြောဆိုသည်။

တေဇ

Advertisements

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်