Advertisements

တရုတ်နှင့် ထိုင်း နိုင်ငံခြားရေးဝန်ကြီးနှစ်ဦး ချင်းမိုင်တွင် တွေ့ဆုံ

ချင်းမိုင် ဖေဖော်ဝါရီ ၁၇

ထိုင်း နိုင်ငံခြားရေးဝန်ကြီး Don Pramudwinai ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဖေဖော်ဝါရီ ၁၆ ရက်တွင် ချင်းမိုင်သို့ သွားရောက်၍ မဟာဗျူဟာမြောက် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးက တရုတ်-ထိုင်း နှစ်နိုင်ငံသည် ချစ်ကြည်ရင်းနှီးမှုရှိသကဲ့သို့ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများလည်း လုပ်ဆောင်သွားရန်ရှိကြောင်း ပြောသည်။

ယခုနှစ်တွင် ထိုင်းနိုင်ငံသည် အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံအဖြစ် တာဝန်ယူမည်ဖြစ်ပြီး ယင်း နှစ်နိုင်ငံအနေဖြင့် မဟာဗျူဟာ ညှိနှိုင်းဆွေးနွေးမှုများကို ပူးပေါင်း ဆောင်ရွက်မှုများကို မြှင့်တင်ကာ ဒေသတည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြုသဘောဆောင် အကျိုးသယ်ပိုးဆောင်ရွက်သင့်ကြောင်း ဝမ်ရိက အကြံပြုသည်။

Advertisements

ထို့ပြင် ထိုင်းအနေဖြင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ရာတွင် တရုတ်နိုင်ငံက အပြည့်အ၀ အားပေး ထောက်ခံသွားမည်ဖြစ်ပြီး တရုတ်-အာဆီယံဆက်ဆံရေးနှင့် အရှေ့အာရှ ပူးပေါင်းဆောင်ရွက်ရေးတွင် ပိုမို တိုးတက်မှုရရှိစေရန် တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ တရုတ်-ထိုင်း နှစ်နိုင်ငံ အဆင့်မြင့်အရာရှိဆက်ဆံရေးနှင့် အဓိကကဏ္ဍများ၏ ပူးပေါင်းဆောင်ရွက်မှုများအပေါ် အစီအစဉ်များရေးဆွဲကာ နှစ်နိုင်ငံဆက်ဆံရေး တစ်ဆင့် ထပ်မံ မြှင့်တင်သွားလိုကြောင်း ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာ(Prayut Chan-o-cha) တရုတ်နိုင်ငံသို့ လာရောက်ကာ ဒုတိယ အကြိမ်မြောက် ခေတ်သစ်ပိုးလမ်းမကြီး နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ရန် ကြိုဆိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဖိတ်ခေါ်သည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးကလည်း ထိုင်း-တရုတ်နှစ်နိုင်ငံ အကြားတွင် နက်နဲသည့်အပြန်အလှန်ယုံကြည်မှုနှင့် နက်ရှိုင်းသည့်ချစ်ကြည်ရေး တည်ရှိကြောင်း ၊ ထိုင်းဝန်ကြီးချုပ် အနေဖြင့်လည်း တရုတ်နိုင်ငံသို့သွားရောက်၍ ခေတ်သစ်ပိုးလမ်းမကြီး ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်လိုကြောင်း ပြောသည်။ ထို့အပြင် ထိုင်းနိုင်ငံအနေဖြင့် အာဆီယံအသိုက်အဝန်းတည်ဆောက်ရာတွင်လည်းကောင်း တရုတ်နိုင်ငံ၏ အစဉ်အမြဲထောက်ခံအားပေးမှုများကို အထူးပင်ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

China Xinhua News

Advertisements

Leave a Reply