လျှပ်စစ်ထရပ်ကားထုတ်လုပ်ရေးမှာ ဒေါ်လာသန်း ၇၀၀ မြှုပ်နှံလိုက်တဲ့ အမေဇုံ ကုမ္ပဏီ

46

နယူးယောက် ဖေဖော်ဝါရီ ၁၈

အမေရိကန်အခြေစိုက် နာမည်ကျော် အမေဇုံကုမ္ပဏီဟာ Rivian လျှပ်စစ်ထရပ်ကားထုတ်လုပ်ရေး ကုမ္ပဏီမှာ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ရင်းနှီးမြှုပ်နှံလိုက်တယ်လို့ ပြီးခဲ့တဲ့ သောကြာနေ့က ထုတ်ပြန်ကြေညာပါတယ်။

အဆိုပါ ထုတ်ပြန်ချက်ဟာ Rivian ကားကို ဈေးကွက်ထဲသို့ မပို့ခင် ၃လအလိုမှာ ထုတ်ခဲ့တာဖြစ်ပြီးတော့ Rivian ကနေ ကားမော်ဒယ်လ်နှစ်မျိုးကို ထုတ်လုပ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။ အမျိုးအစားနှစ်မျိုးလုံးဟာ လျှပ်စစ်ကိုအဓိကထားပြီး မောင်းနှင်နိုင်မှာ ဖြစ်ပြီးတော့ နေရောင်ကာကွယ်တဲ့ စနစ်အပြင် နေရောင်ကနေ စွမ်းအင်ထုတ်လုပ်တဲ့ SUV စနစ်လည်း ပါတယ်လို့ သိရပါတယ်။

ထရပ်ကားတွေရဲ့ တည်ဆောက်ပုံတွေဟာ Ford ကားကုမ္ပဏီကနေထုတ်လုပ်တဲ့ General Motor သုံးကားတွေနဲ့ သိပ်မကွာပေမဲ့ စွမ်းဆောင်ရည်နဲ့ အလုပ်လုပ်နိုင်စွမ်းက နှစ်ဆကွာခြားတယ်လို့ သိရပါတယ်။ ကိုယ်ပိုင် ဘက်ထရီစနစ်နဲ့ မောင်းနှင်နိုင်တဲ့ အဆိုပါ Rivianကားတွေဟာ ရှစ်နာရီ အားသွင်းပြီးတာနဲ့ ၄၈နာရီ မရပ်မနားအသုံးပြုနိုင်မယ်လို့ သိရပါတယ်။

အမေဇုံကုမ္ပဏီရဲ့ ရင်းနှီးမြှုပ်နှံမှု ခြေလှမ်းသစ်ဟာ အွန်လိုင်းအခြေစိုက် ကုမ္ပဏီတွေရဲ့ နောက်ကွယ်က အောင်မြင်မှုတွေအကြောင်း မီးမောင်းထိုးပြနေတယ်လို့ သုံးသပ်သူတွေက ပြောပါတယ်။ အမေဇုံရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ သစ်ပင်ရဲ့အောက်မှာပဲ ခရစ္စမတ်လက်ဆောင်ကို ရှာနေလို့မရဘူး။ ကိုယ်ပိုင် ရင်းနှီးမြှုပ်နှံမှုတွေကြားက ဆုလာဒ်တွေကိုလည်း ရှာဖွေရဦးမယ်လို့ ပြောခဲ့ပါတယ်။

Rivian ထုတ်လုပ်ရာမှာလည်း အမေဇုံရဲ့ ရှယ်ယာထည့်သွင်းမှုကို ဂုဏ်ပြုတဲ့အနေနဲ့ အမေဇုံတံဆိပ်ကို ထည့်သွင်းပေးဦးမယ်လို့လည်း သိရပါတယ်။

“အမေဇုံရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ Rivianထုတ်လုပ်ဖို့အတွက် အထောက်ပံ့ကောင်းတစ်ခုအဖြစ် တွန်းပို့နိုင်ခဲ့တယ်”လို့ Rivianရဲ့ စီအီးအို အာဂျေစခဲရင့်ခ်က ပြောပါတယ်။ Rivianရဲ့ ထုတ်ကုန်စွမ်းဆောင်ရည်နဲ့ အမေဇုံရဲ့ မားကတ်တင်းအနေအထားတို့ ပေါင်းစပ်ရင်း ပိုမိုအောင်မြင်တဲ့ အနေအထားအထိ တူတူ လက်တွဲသွားကြမယ်လို့လည်း ပြောထားပါသေးတယ်။

ထုတ်ပြန်ချက်ထဲမှာတော့ အမေဇုံဟာ ရင်းနှီးမြှုပ်နှံမှုထဲကနေ အမြတ်ငွေ ဘယ်လောက်ရာခိုင်နှုန်းရမယ်ဆိုတာနဲ့ ဘယ်လိုလုပ်ရင်းနှီးမြှုပ်နှံဖို့ သဘောတူဖြစ်ခဲ့တယ်ဆိုတဲ့ အချက်ကို ထည့်သွင်းထားခြင်းမရှိပါဘူး။

CBNC

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်