Advertisements

ယူကေရှိ ဟွန်ဒါ ရုံးချုပ် ပိတ်သိမ်းမည်

တိုကျို ဖေဖော်ဝါရီ ၁၉.

ဂျပန်နိုင်ငံအခြေစိုက် ဟွန်ဒါကားကုမ္ပဏီဟာ ယူကေနိုင်ငံမှာရှိတဲ့ ပင်မ ရုံးချုပ်ကို လာမယ့် ၂၀၂၁ မှာ ဖျက်သိမ်းမယ်လို့ ယနေ့ ကြေညာလိုက်ပါတယ်။

ဒါဆိုရင် ယူကေက ဝန်ထမ်း ၃၅၀၀ကျော်ဟာ အလုပ်လက်မဲ့ ဖြစ်သွားမှာ ဖြစ်ပါတယ်။ ဟွန်ဒါရဲ့ ဆုံးဖြတ်ချက်ဟာ ဗြိတိန်နိုင်ငံ ဥရောပမှ စီးပွားရေးခွဲထွက်ခွင့်နောက်ပိုင်းမှာ ဖြစ်ပေါ်ခဲ့တာပါ။

အင်္ဂလန်နိုင်ငံတောင်ပိုင်း ဆဝင်ဒန်နိုင်ငံမှာရှိတဲ့ ဟွန်ဒါစက်ရုံဟာ ဥရောပဈေးကွက်အတွက် အဓိက ကားထုတ်လုပ်ပေးနေတာဖြစ်ပြီး စက်ရုံတည်ထားတာ ၂၄နှစ်ကျော်ကြာခဲ့ပါပြီ။ ဒီကာလအတွင်းမှာ ကားစီးရေ တစ်သိန်းခွဲ ထုတ်လုပ်ခဲ့ပါတယ်။

Advertisements

ဒါပေမဲ့ ဟွန်ဒါက ၂၀၂၁ ခုနှစ်ကစပြီး ထုတ်လုပ်ငန်းလုပ်ငန်းတွေ ရပ်ဆိုင်းသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဟွန်ဒါရဲ့ ဆုံးဖြတ်ချက်ဟာ ယူကေနိုင်ငံသားတွေအတွက် နစ်နာမှုကြီးတစ်ခုဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် အလုပ်အကိုင်အခွင့်အလမ်းတွေ ဆုံးရှုံးသွားမယ်လို့ ပညာရှင်တွေက သုံးသပ်ပါတယ်။

ဒီလိုဖြစ်လာရတာဟာ ဗြိတိန်နိုင်ငံရဲ့ ဥရောပကနေ ခွဲထွက်ချင်တဲ့ Brexit ကြောင့်ဖြစ်တယ်လို့ ဥရောပဒေသတွင်း ကုန်သွယ်ရေးကော်မတီဥက္ကဌ မစ္စတာကာကူရှိအင်နူကပြောပါတယ်။

“ခွဲထွက်ပြီး ရမဲ့ အကျိုးတွေမဖြစ်ခင်မှာ နိုင်ငံသားတွေရဲ့ အလုပ်အကိုင်နဲ့ စားဝတ်နေရေးကိုအရင်ထိခိုက်သွား ရပြီ” လို့ သူက သုံးသပ်ပါတယ်။

ဒါပေမဲ့ ဟွန်ဒါရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ မစ္စတာ တာကာဟီရိုဟာချီကိုက ဒါဟာ Berxit နဲ့လုံးဝမသက်ဆိုင်ဘူးလို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ဟွန်ဒါကုမ္ပဏီဟာ ရုံချုပ်ကို ပြင်သစ်ကိုပြောင်းထားပြီးဖြစ်တာကြောင့် နောက်ပိုင်း ဥရောပနိုင်ငံဈေးကွက်တွေအတွက် ပြင်သစ်ကနေပဲ ထုတ်လုပ်သွားမယ်လို့ ဆိုပါတယ်။

ဟွန်ဒါကားကုမ္ပဏီဟာ တူရကီမှာရှိတဲ့ ရုံးခွဲကိုလည်း ပိတ်သိမ်းမယ်လို့ တစ်ပြိုင်နက် ကြေညာခဲ့ပါသေးတယ်။

စီးပွားရေးလေ့လာသုံးသပ်သူတွေကတော့ ဟွန်ဒါကားကုမ္ပဏီဟာ Brexit နောက်ပိုင်းဖြစ်ပေါ်လာမဲ့ ဥရောပစီးပွားရေးအရွေ့နောက်ကို ကြိုတင်ပြင်ဆင်ထားခြင်းဖြစ်တယ်လို့ သုံးသပ်ပါတယ်။ ဒီလိုလုပ်ဆောင်တာကြောင့် နောင်တစ်ချိန်မှာ ဥရောပ-ဂျပန် လွတ်လပ်စွာကုန်သွယ်ခွင့် သဘောတူညီချက်ကို အထောက်အပံ့ပေးနိုင်မှာဖြစ်ပြီး ဂျပန်ကားဈေးကွက်ကို တစ်ခေတ်ဆန်းစေတော့မယ်လို့ ပြောပါတယ်။

CAN

Advertisements

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်