ဂျာမနီ၏ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်လာသည့် တရုတ်

ဘာလင် ဖေဖော်ဝါရီ ၁၉

၂၀၁၈ခုနှစ်တွင် ဂျာမနီနိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံအဖြစ် တရုတ်နိုင်ငံသည် ၃ နှစ်ဆက်တိုက်တည်ရှိနေပြီဖြစ်ရာ နှစ်ဖက်ကုန်သွယ်မှုပမာဏ စုစုပေါင်း ယူရိုငွေ ၁၉၉.၃ ဘီလီယံရှိကြောင်း ဂျာမနီနိုင်ငံ ပြည်ထောင်စု စာရင်းအင်းဌာန၏ ဖေဖော်ဝါရီ ၁၈ ရက်တွင် ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။

၂၀၁၈ ခုနှစ်တွင် ဂျာမနီနိုင်ငံသည် တရုတ်နိုင်ငံမှ သွင်းကုန်ပမာဏ စုစုပေါင်း ယူရိုငွေ ၁၀၆.၂ ဘီလီယံရှိပြီး တရုတ်နိုင်ငံသို့ ပို့ကုန် ပမာဏ ယူရိုငွေ ၉၃.၁ ဘီလီယံ ရှိကြောင်း ဂျာမနီအစိုးရ၏ ကိန်းဂဏန်းများအရ သိရသည်။

“အခုလို တရုတ်နိုင်ငံအနေနဲ့ ကုန်သွယ်ဖက်ကောင်းအဖြစ် သုံးနှစ်ဆက်တိုက် ရပ်တည်နိုင်တဲ့အပေါ်မှာ အလွန်ဝမ်းမြောက်ပါတယ်။ ရှေ့ဆက်ပြီး ဂျာမနီနိုင်ငံနဲ့ ဒေသတွင်း စီးပွားရေးလုပ်ငန်းတွေဖလှယ်လုပ်ကိုင် လိုပါသေးတယ်”ဟု တရုတ်နိုင်ငံသမ္မတ ရှီကျင်းဖျင်က ပြောသည်။

Advertisements

ရှီကျင်းဖျင်သည် ဂျာမဏီနိုင်ငံ ဝန်ကြီးချုပ်နှင့် လာမည့် မတ်လအတွင်းတွေ့ဆုံကာ စီးပွားရေးဆိုင်ရာ ဆွေးနွေးမှုများ လုပ်ဆောင်ဖွယ်ရှိကြောင်း မီဒီယာများကို ပြောသည်။

“ဂျာမနီထုတ်ကုန်ပစ္စည်းများက တရုတ်ဈေးကွက်မှာ လူကြိုက်များလာတယ်။ တရုတ်နိုင်ငံကလည်း ဂျာမနီ၏အဓိက ပို့ကုန်ဈေးကွက်ဖြစ်နေဆဲပဲ” ဟု ဂျာမနီနိုင်ငံ ပြည်ပကုန်သွယ်မှုနှင့် ရင်းနှီးမြုပ်နှံမှုဌာန အရာရှိက ဆိုပါသည်။

အဆိုပါ ထုတ်ပြန်ထားသည့် စာရင်းအင်းများအရ ဂျာမနီ၏ ကုန်သွယ်ဖက်နိုင်ငံများတွင် နယ်သာလန်သည် ဒုတိယအကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး နှစ်ဖက် ကုန်သွယ်မှု ပမာဏမှာ ယူရိုငွေ ၁၈၉.၄ ဘီလီယံရှိကြောင်း ၊အမေရိကန်သည် တတိယအကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး ကုန်သွယ်မှုပမာဏမှာ ၁၇၈ ဘီလီယံရှိကြောင်း သိရသည်။

Xinhua

Advertisements

Leave a Reply