ကမ္ဘာ့ပထမဆုံး 5G ကွန်ရက် နည်းပညာ တရုတ်နိုင်ငံတွင် စတင်

ဆန်းကျန့်ဖေဖော်ဝါရီ ၂ဝ

တရုတ်နိုင်ငံတောင်ပိုင်းရှိ နည်းပညာမြို့တော်ကြီးဖြစ်သော ဆန်းကျန့်မြို့(Shenzhen) ၌ 5G ကွန်ရက်နည်းပညာ စီးပွားဖြစ် အသုံးပြုမှုအတွက် ကနဦးရှေ့ပြေးစီမံကိန်းကို ယခု ၂ဝ၁၉ နှစ်အတွင်း စတင်အသုံးပြုသွားမည် ဖြစ်ကြောင်း ဒေသဆိုင်ရာတာဝန်ရှိသူများက ဆိုသည်။

5G ကွန်ရက်နည်းပညာ မှာ မြန်နှုန်းအလွန်မြင့်မားပြီး HD quality ရှိ 2GB အရွယ်အစား ရုပ်ရှင်ကားတစ်ကားကို စက္ကန့်၂ဝ ဖြင့် download အပြီးအစီးဆွဲနိုင်မည်ဟုသိရသည်။
ယခုနှစ်အတွင်း ဆန်းကျန့်မြို့၌ 5G ကွန်ရက် အခြေစိုက်စခန်းပေါင်း ၁,၉၅၅ ခု ကို စတင်တပ်ဆင်သွားမည်ဖြစ်ကြောင်း မြို့တော် စက်မှု နှင့် သတင်းအချက်အလက်နည်းပညာဗျူရို၏ ထုတ်ပြန်ချက် အရသိရသည်။

တရုတ်နိုင်ငံ၏ 5G ကွန်ယက်နည်းပညာသည် ကမ္ဘာ့ပထမဆုံး နည်းပညာဖြစ်ပြီး အနောက်နိုင်ငံများကိုပါ ဖြန့်ချိရောင်းချရန် စီစဉ်ထားကြောင်း သိရသည်။ အဆိုပါနည်းပညာကို China Mobile နှင့် ဟွာဝေး ကုမ္ပဏီတို့မှ ထောက်ပံ့ကူညီခြင်းဖြစ်သည်။

Advertisements

ဟွာဝေးသည် နည်းပညာအသုံးချကာ တရုတ်အစိုးရအတွက် နိုင်ငံတကာမှ အချက်အလက်များကို တရားမဝင် ရယူပေးနေသည်ဟု စွပ်စွဲထားခြင်းခံထားရသည်။

ထို့ပြင် ဟွာဝေးကုမ္ပဏီ အမှုဆောင်ဒါရိုက်တာချုပ်သည် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက ကနေဒါနိုင်ငံတွင် အဖမ်းခံခဲ့ရသည်။ သို့သော် ဟွာဝေးကုမ္ပဏီဘက်မှ နိုင်ငံတကာ၏ စွပ်စွဲချက်များကို တရားဝင်ထုတ်ပြန်ချက်ထုတ်ကာ ငြင်းဆိုခဲ့သည်။

မြို့တော်အနေဖြင့် အနာဂတ်မြို့ဆက် သတင်းအချက်အလက်အခြေခံအဆောက်အအုံကို တည်ဆောက်ရန် ငွေကြေးတိုးမြှင့်အသုံးပြုသွားမည်ဖြစ်ကာ အင်တာနက် အသုံးအဆောင်ပစ္စည်များတပ်ဆင်သုံးစွဲခြင်း၊ Smart နည်းပညာ နှင့် မော်တော်ကားများ ချိတ်ဆက်၍ အသုံးပြုခြင်းများကို တွင်တွင်ကျယ်ကျယ် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဇန်နဝါရီလ တွင် တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံးပြည်နယ်ရှိ ကွမ်ကျိုးဘိုင်ယန်(Guangzhou Baiyun) နိုင်ငံတကာလေဆိပ်တွင် 5G ကွန်ရက် အခြေစိုက်စခန်း တစ်ခုကို စတင်ဖွင့်လှစ်ခဲ့သည်။

ထို့နောက် ရှန်ဟိုင်း Hongqiao ရထားဘူတာတွင်လည်း 5G ကွန်ရက် အခြေစိုက်စခန်းတစ်ခုကို ယခုနှစ်ကုန်ပိုင်းတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

Bangkok Post

Advertisements
Advertisements

Leave a Reply