အမေရိကန်နှင့် တရုတ် ကုန်သွယ်ရေးဆွေးနွေးပွဲ ဒုတိယအကြိမ် ကျင်းပမည်

ဝါရှင်တန် ဖေဖော်ဝါရီ ၁၉

အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံအစိုးရများက ဝန်ကြီးအဆင့် ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးမှုတစ်ရပ်ကို ယခုရက်သတ္တပတ်အတွင်း ပြန်လည်ကျင်းပရန် ရက် သတ်မှတ်ခဲ့ကြကြောင်း၊ နှစ်နိုင်ငံထိပ်တန်း ကုန်သွယ်ရေး ဆိုင်ရာ ပုဂ္ဂိုလ်များ၏ ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၁ ရက်တွင် စတင်၍ နှစ်ရက်ကြာကျင်းပမည်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံမှ ဒုတိယဝန်ကြီးချုပ် လျူဟေးသည် အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တော်သို့ သွားရောက် ပြီး အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ် ရောဘတ် လစ်သီဇာနှင့် ဘဏ္ဍာရေးဝန်ကြီး စတီဗင်မနုချင်တို့နှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း တရုတ်ကုန်သွယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

တရုတ်နှင့် အမေရိကန်ပြည်ထောင်စုတို့၏ ကုန်သွယ်ရေးဝန်ကြီးများ အစည်းအဝေးကို ဦးတည်၍ ကုန်သွယ်ရေး ဒုတိယဝန်ကြီးအဆင့် ညှိနှိုင်းဆွေးနွေးပွဲများကို ဖေဖော်ဝါရီ ၁၉ ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း အမေရိကန်အစိုးရက ပြောကြားသည်။

Advertisements

ယခုနှစ် မတ် ၁ ရက်မတိုင်မီ ပြုလုပ်မည့် ဆွေးနွေးမှုများမှ သဘောတူညီမှုများ မရရှိခဲ့လျှင် အမေရိကန်က တရုတ်နိုင်ငံမှ ပို့ကုန်များအပေါ် မြင့်မား သည့် အခွန်အကောက်များ ကောက်ယူရန် ရည်ရွယ်ထား သည်။

လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်းက တရုတ်နိုင်ငံ မြို့တော် ပေကျင်းမြို့တွင် ကျင်းပခဲ့သည့် တရုတ်-အမေရိကန် ကုန်သွယ်ရေးဝန်ကြီးအဆင့် ဆွေးနွေးပွဲ၌ တရုတ်နိုင်ငံနှင့် ကုန်သွယ်ရာတွင် အမေရိကန်၏ ကုန်သွယ်ရေးလိုငွေပြမှုနှင့် တရုတ်နိုင်ငံတွင် လုပ်ငန်းများ လုပ်ကိုင်နေသည့် အမေရိကန်ကုမ္ပဏီများအား တရုတ် နိုင်ငံသို့ နည်းပညာအတင်းအကျပ် လွှဲပြောင်းပေးနေမှု များကို နှစ်ဖက်ကုန်သွယ်ရေး ကိုယ်စားလှယ် အဖွဲ့များက ဆွေးနွေးခဲ့ကြသည်။

တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံကုန်သွယ်ရေး ကိုယ်စားလှယ်အဖွဲ့များ၏ ဆွေးနွေးပွဲမှ သဘောတူညီမှုများ ရရှိရန်နီးစပ်ပါက အမေရိကန်သမ္မတဒေါ်နယ်ထရန့်က တရုတ်အပေါ် ကုန်သွယ်ရေးအခွန်တိုးမြှင့် ကောက်ခံရေး အတွက် သတ်မှတ်ထားသည့် နောက်ဆုံးအချိန်ကို တိုးမြှင့်ပေးရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

NHK

Advertisements

Leave a Reply