တောင်အမေရိက ခရီးကြမ်းသုံး ထရပ်ကား ဈေးကွက် ရပ်နား

နယူးယောက် ဖေဖော်ဝါရီ ၂၀

နာမည်ကျော် Ford ကားကုမ္ပဏီဟာ ခရီးကြမ်းမောင်းနှင်ရာမှာ သုံးတဲ့ ထရပ်ကားတွေ တောင်အမေရိကမှာ ဆက်မရောင်းတော့ဘူးလို့ ကြေညာပါတယ်။ ဒီလို ရပ်ဆိုင်းရတာဟာ ကားတွေဟာ ထင်သလောက် မရောင်းရဘဲ အရှုံးပေါ်နေတာကြောင့် ဖြစ်တယ်လို့ ကုမ္ပဏီဘက်က ပြောပါတယ်။

အမေရိကန်နိုင်ငံရဲ့ ဒုတိယအကြီးဆုံး အော်တိုကားကုမ္ပဏီဖြစ်တဲ့ Ford ဟာ နောက်ဆုံးရောင်းရငွေ သန်းပေါင်း ၄၆၀၀၀၀ ရှိခဲ့ရပါတယ်။ ဒါပေမဲ့ တောင်အမေရိကမှာတော့ ဈေးကွက်ဟာ သိပ်မရောင်းရခဲ့တာကို ၂၀၁၈ နှစ်ကုန်စာရင်းမှာ ဖော်ပြနေပါတယ်။

ဒါကြောင့် Ford ကုမ္ပဏီဟာ ဘရာဇီးမှာ Campo ကားမော်ဒယ်လ် ထုတ်လုပ်မှုကို ရပ်ဆိုင်းပြီး အခြားမော်ဒယ်လ်တွေဖြစ်တဲ့ F 40000 နဲ့ F 350 တို့လို ထရပ်ကားမော်ဒယ်တွေကို လည်း ရောင်းချတာ ရပ်ဆိုင်းခဲ့တာပဲ ဖြစ်ပါတယ်။

Advertisements

ဒါပေမဲ့ အော်တိုကားဈေးကွက်ကတော့ ဆက်ရှိနေဦးမှာဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုတွေကိုလည်း ဆက်လက် တိုးပြီး မြှုပ်နှံထားဆဲပါပဲ။

ကုမ္ပဏီဟာ တောင်အမေရိကတိုက်မှာ ပိုမိုရေရှည်တည်တံ့နိုင်တဲ့ ထုတ်ကုန်တွေကိုပဲ အဓိကထား ရောင်းချသွားမှာ ဖြစ်တယ်လို့ Ford ရဲ့ တောင်အမေရိကဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ လီရယ်ဝေါတာက ပြောပါတယ်။

Ford ဟာ လုပ်ငန်းကို ဆက်လက်တိုးချဲ့ဖို့ ဆုံးဖြတ်ထားပြီး တစ်နှစ်အတွင်း ရုံးခွဲရှိတဲ့ မြို့တွေမှာ အမေရိကန်ဒေါ်လာ ၁၁သန်းဆီ မြှုပ်နှံသွားမှာ ဖြစ်တယ်လို့ ပြောထားပါတယ်။

ဒါပေမဲ့ နောက်လာမဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ ကုန်တင်သုံး ထရပ်ကားတွေ ထက် ဇိမ်ခံစီးတဲ့ ကားတွေသာဖြစ်တော့မယ်လို့လည်း ကုမ္ပဏီဘက်က ပြောပါတယ်။

လက်ရှိမှာ ကုမ္ပဏီဟာ တောင်အမေရိက၊ အာဖရိကနဲ့ ဥရောပမှာရှိတဲ့ အော်တိုကားဈေးကွက်တွေကို ချဲ့ထွင်ပြီး နာမည်ကျော် ဂျာမန်ကားဈေးကွက်ကို ထိုးဖောက်ဖို့လုပ်ဆောင်နေပါတယ်။

တောင်အမေရိကမှာ ဇိမ်ခံကားတွေကို ဒီဇိုင်းသစ်တွေနဲ့ ထုတ်ရင်တော့ ယခင်ထက် ပိုပြီး ရောင်းအားတက်ဖို့ပဲ ရှိတယ်လို့ ဈေးကွက်သုံးသပ်သူ ဂျွန်ဂါဘရီလီဆန်က ပြောပါတယ်။

Advertisements

Ford ရဲ့ ခြေလှမ်းဟာ နည်းနည်းတောင် နောက်ကျနေခဲ့ပြီလို့ သူက ပြောပါတယ်။

CNN

Advertisements

Leave a Reply