Advertisements

Twitter တွဲဖက်တည်ထောင်သူ ကုမ္ပဏီဘုတ်အဖွဲ့မှ နှုတ်ထွက်

ကမ္ဘာကျော် လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ Twitter ကုမ္ပဏီရဲ့ တွဲဖက်တည်ထောင်သူ အိဗ်ဝီလီယံဟာ ကုမ္ပဏီရဲ့ စီမံခန့်ခွဲရေးဆိုင်ရာ ဘုတ်အဖွဲ့ကနေ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ  ၂၂ရက်မှ နုတ်ထွက်ခဲ့ပါတယ်။

ဒီလိုနုတ်ထွက်တာနဲ့ ပတ်သက်ပြီး အိဗ်က ၁၃နှစ်တာကာလအတွင်း ကုမ္ပဏီမှာ အံ့သြသင့်စရာကောင်း လောက်အောင် အလုပ်လုပ်ခွင့်ရခဲ့လို့ ဝမ်းသာပါတယ်။ တခြားအလုပ်နဲ့ ဆက်စပ်တဲ့ စီမံကိန်းတွေကို အာရုံစိုက်လိုတဲ့အပြင် စိတ်ချရတဲ့ စီမံခန့်ခွဲခွင့်ဆိုင်ရာ အဖွဲ့ဝင်တွေကြောင့် နှုတ်ထွက်ခဲ့တယ်လို့ သူက သူ့ရဲ့ တွစ်တာအကောက်မှာ ရေးထားပါတယ်။

အိဗ်ဟာ တွစ်တာရဲ့ CEO အဖြစ် ၂၀၀၈ ခုနှစ်မှာ ယခင် စီအီးအိုဟောင်း ဂျက်ဒေါ်စရေဆီကနေလွှဲယူခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၀မှာတော့ ပါတနာ ဒစ်စ်ကိုစတိုလိုကို ရာထူးလွှဲပြောင်းပေးခဲ့ပြီး သူက တွဲဖက်တည်ထောင်သူအဖြစ် နဲ့ ဘုတ်အဖွဲ့မှာ ဆက်လက် လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။ ပထမ စီအီးအိုဟောင်း ဂျက်က ၂၀၁၅ခုနှစ်မှာ စီအီးအိုအဖြစ် ပြန်လည်အရွေးခံခဲ့ရပါတယ်။

အခုလို ဘုတ်အဖွဲ့က နှုတ်ထွက်ပေမဲ့ တွစ်တာရဲ့ စီးပွားရေးလုပ်ငန်းစုကြီးကနေ အပြီးထွက်သွားတာမဟုတ်ဘူး လို့ အိဗ်က ပြောပါသေးတယ်။

Advertisements

ယခင်အတိုင်း ကုမ္ပဏီတွဲဖက်ထူထောင်သူအနေနဲ့ စီးပွားရေးဆိုင်ရာအကြံပြုချက်တွေကို ပေးနေမှာဖြစ်ပေမဲ့ စီမံခန့်ခွဲတဲ့ လုပ်ငန်းစဉ်ကိုတော့ ဝင်ပါတော့မှာမဟုတ်ဘူးလို့ သူကဆိုပါတယ်။

“အဓိက တာဝန်ကနေ နုတ်ထွက်ရတာကတော့ ကျွန်တော့်ဘဝမှာ မိသားစုကို အချိန်အများကြီးမပေးနိုင်ခဲ့လို့ ဖြစ်တယ်။ သမီးလေးနဲ့ အမျိုးသမီးအပြင် မိဘတွေကို ပါ အချိန်ပေးဖို့ အလှည့်ရောက်လာလို့ ရာထူးကနေ နုတ်ထွက်လိုက်ရခြင်းဖြစ်တယ်”လို့ အိဗ်က မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

အိဗ်ရာထူးက နုတ်ထွက်ခဲ့ခြင်းအပေါ် လက်ရှိ စီအီးအို ဂျက်က ယခင်က လုပ်ဆောင်ချက်တွေကို အမြဲအသိအမှတ်ပြုနေမှာဖြစ်ပြီး စီမံခန့်ခွဲတဲ့ အဖွဲ့ထဲ ကို အချိန်မရွေးပြန်လာနိုင်တယ်လို့ သူရဲ့ တွစ်တာအကောက်မှာ တင်ထားပါသေးတယ်။

တွစ်တာကုမ္ပဏီကို ၂၀၀၆ ခုနှစ်မှာ ဂျက်၊ အိဗ်၊ နော့ဂလက်နဲ့ ဘရစ်စတုန်းတို့က ပူးပေါင်းတည်ထောင်ခဲ့တာ ဖြစ်ပြီး လက်ရှိမှာ ကမ္ဘာအဝန်းရှိ တွစ်တာအသုံးပြုသူသန်းပေါင်း ၃၃၅၀၀၀ ယောက်ရှိပါတယ်။

CNBC

Advertisements

Leave a Reply