Advertisements

ရော်ဘာ၊ ကွမ်းသီး၊ သီဟိုဠ် ဧက ၂၆,၀၀၀ ကျော်အတွက် ထုတ်လုပ်မှုစရိတ် ထုတ်ချေးမည်

ထားဝယ် ဖေဖော်ဝါရီ

ယခုနှစ်တွင် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ  ထူးခြားသီးနှံ ရော်ဘာ၊ ကွမ်းသီး၊ သီဟိုဠ် ဧက၂၆,၀၀၀ ကျော်အတွက် ထုတ်လုပ်မှုစရိတ် ချေးငွေပေးရန် လျာထားကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် တိုင်းဒေသကြီးဘဏ်ခွဲမှ သိရသည်။

တိုင်းအတွင်းရှိ မြို့နယ် ၁၀ ခုမှ ရော်ဘာ ၁၅၂၀၀ ဧက၊ ကွမ်းသီး ၇၃၀၀ ဧကနှင့် သီဟိုဠ် ၃၈၀၀ ဧကစုစုပေါင်း ၂၆၃၀၀ ဧက လျာထားခြင်း ဖြစ်သည်။

“စိုက်ပျိုးစရိတ် မရဘူး၊ ထုတ်လုပ်မှုစရိတ်ပဲ ရမယ်၊ ငွေချေးယူသူမှာ အချက်အလက်ပြည့်စုံမယ်ဆိုရင် တင်ပေးလိုက်မယ်၊ ဦးဆောင်ကော်မတီက ဆုံးဖြတ်မယ်”ဟု ဘဏ်ခွဲ မန်နေဂျာ ဒေါ်လဲ့လဲ့သန်းဌေးက ပြောသည်။

Advertisements

ဥယျာဉ်ခြံအတွက် ပုံစံ(၇) အမည်ပေါက်နှင့်အိမ်အာမခံထားရှိရမည်ဖြစ်ကြောင်း၊၂၀၁၈-၂၀၁၉ ခုနှစ် နှုန်းထားအရ တစ်ဧကလျှင် ကျပ်တစ်သိန်းနှုန်း၊ တောင်သူတစ်ဦးလျှင် ၁၀ဧကအထိချေးငွေတင်ပြနိုင်ကြောင်း၊ရန်ပုံငွေလက်ကျန်အပေါ်အခြေခံကာထုတ် ချေးနိုင်မည်ဖြစ်ကြောင်း ဒေါ်လဲ့လဲ့သန်းဌေးက ပြောသည်။

ချေးငွေအပေါ် တစ်နှစ်အတိုးနှုန်း ၉ ရာခိုင်နှုန်း၊ သတ်မှတ်ချိန် ကျော်လွန်လျှင် ဒဏ်တိုးနှုန်း၆ ရာခိုင်နှုန်းဖြင့် ထုတ်ချေးသွားမည်ဖြစ်ပြီး ရယူလိုသည့် တောင်သူများအနေဖြင့် သက်ဆိုင်ရာမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲများတွင်တင်ပြ လျှောက်ထားနိုင်သည်ဟု သိရ သည်။

MEB(TSL) ရန်ပုံငွေဖြင့် မြန်မာ့စီးပွားရေးဘဏ်မှ ချေးယူရရှိသည့် ကျပ် သန်း ၂၀၀ ကို လယ်ယာသုံးစက်ကိရိယာနှင့် လုပ်ငန်းသုံးစက်ကိရိယာများအတွက် ဦးစားပေး ထုတ်ချေးပြီး ကျန်ငွေဖြင့် ယင်းသို့ ထုတ်လုပ်မှုစရိတ်ထုတ်ချေးမည်ဖြစ်ကြောင်း သိရသည်။

တင့်လွင်

 

Advertisements

Leave a Reply