ဝန်ဆောင်မှုအသစ်ပေးရန် BMW နှင့် Daimler နည်းပညာကုမ္ပဏီတို့ ပူးပေါင်း

20

နယူးယောက် ဖေဖော်ဝါရီ

နာမည်ကျော် ဂျာမန်အခြေစိုက် ကုမ္ပဏီတွေဖြစ်တဲ့ BMW ကားကုမ္ပဏီနဲ့ Daimler နည်းပညာကုမ္ပဏီတို့ ပါတနာအဖြစ် ပူးပေါင်းပြီး အော်တိုမိုဘိုင်းဆားဗစ်အသစ်နဲ့ ကားထုတ်လုပ်ဖို့အတွက် ဖေဖော်ဝါရီလ ၂၃ရက်နေ့က သဘောတူလိုက်ပါတယ်။

ကုမ္ပဏီနှစ်ခုလုံးဟာ ဂျာမဏီနိုင်ငံရဲ့ အထင်ကရ ဇိမ်ခံကားတွေ ထုတ်လုပ်နေတဲ့ နည်းပညာတွေ ပိုင်ဆိုင်ထားပါတယ်။ သူတို့ရဲ့ ပထမဦးဆုံးပူးပေါင်းဆောင်ရွက်မဲ့ စီမံကိန်းမှာ တော့ ကားငှားတာ၊ လျှပ်စစ်မော်တော်ကားတွေကို အားသွင်းပေးတာနဲ့ တက္ကစီဝန်ဆောင်မှုလုပ်ငန်းတွေလည်းပါဝင်နေပါတယ်။

စီမံကိန်းမှာ အနည်းဆုံးရင်းနှီးမြှုပ်နှံငွေ ယူရိုဒေါ်လာ ၁သန်းကနေ ၁ဒသမ၁၃သန်းအထိ ထည့်သွင်းထားပြီးတော့ စီမံကိန်းအတွက် အလုပ်အကိုင်သစ်၁၀၀၀ကျော်ကိုလည်းခေါ်ယူသွားမယ်လို့ BMW နဲ့ Daimler တို့က ပူးတွဲကြေညာချက် ထုတ်ပြန်ပါတယ်။

ကားထုတ်လုပ်ရောင်းချတဲ့ လုပ်ငန်းတွေကို လျှော့ချပြီး အခြားဝန်ဆောင်မှုတွေကို အစားထိုးထည့်ခြင်းအားဖြင့် ကားအဟောင်းဈေးကွက်ကိုပါ ထိန်းသိမ်းရာရောက်ပြီး၊ ကားနဲ့ပတ်သတ်တဲ့ အပိုပစ္စည်းဈေးကွက်ကိုလည်း မြှင့်တင်ရာရောက်မယ်လို့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါသေးတယ်။

နာမည်ကျော် Boston စီးပွားရေးအကြံပေးအဖွဲ့ရဲ့ သုံးသပ်ချက်အရ ၂၀၃၀ မှာ လောင်စာဆီသုံးအော်တိုကား တွေ နည်းသထက်နည်းသွားပြီး လျှပ်စစ်ကားတွေသာ အမေရိကတိုက်နဲ့ အခြားကမ္ဘာ့နိုင်ငံတွေမှာ တွင်ကျယ်လာကြလိမ့်မယ်လို့ သိရပါတယ်။ ဒီလို အခြေအနေတွေကို အမီလိုက်နိုင်ဖို့အတွက် BMW နဲ့ Daimler တို့က ခြေလှမ်းသစ်ကို စောစောစီးစီးလှမ်းထားနှင့်တယ်လို့ သူတို့က သုံးသပ်ပါတယ်။

ကုမ္ပဏီအသီးသီးရဲ့ အဓိကစီးပွားရေးဖြစ်တဲ့ အော်တိုကားထုတ်လုပ်တာကို တော့ ယခင်အတိုင်း မော်ဒယ်လ်အသစ်တွေ ထုတ်လုပ်မြဲဖြစ်ပြီး ကားအသစ်တွေနဲ့အတူ ပူးပေါင်းဝန်ဆောင်မှု အသစ်တွေကို တစ်ပြိုင်တည်းမိတ်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ အစပိုင်းမှာ BMW ဟာ Ford ကားကုမ္ပဏီနဲ့ ပူးပေါင်းဖို့ ဆွေးနွေးခဲ့ဖူးပေမဲ့ မပူးပေါင်းဖြစ်ခဲ့ပါဘူး။

စီမံချက်အသစ်မှာ Daimler ဘက်က ကားတွေ ရှယ်ပေးတဲ့ ဝန်ဆောင်မှုတွေ၊ အတွင်းပိုင်း စနစ်စစ်ဆေးမှုတွေ နဲ့ပတ်သတ်တဲ့ ဝန်ဆောင်မှုတွေကို အဓိကထားလုပ်ပေးမှာဖြစ်ပြီး BMW ဘက်ကတော့ လိုအပ်တဲ့ ကားထောက်ပံ့မှုတွေနဲ့ အလုပ်ပိုင်းဆိုင်ရာ ဝန်ထမ်းထောက်ပံ့မှုတွေကို  ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။

CNBC

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်