အမေရိကန် မြောက်ကိုရီးယားတွေ့ဆုံပွဲ သတင်းသမား ၃၀၀၀ခန့် တက်ရောက်မည်

ဟနွိုင်း ဖေဖော်ဝါရီ

ဗီယက်နမ်နိုင်ငံ၌ ဖေဖော်ဝါရီ ၂၇ ရက်နှင့် ၂၈ ရက်တွင် တွေ့ဆုံရန် စီစဉ်ထားသော အမေရိကန်-မြောက်ကိုရီးယား ဒုတိယအကြိမ်မြောက် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်သတင်းယူရန်အတွက် ပြည်ပသတင်းသမား ၃၀၀၀ ခန့် တက်ရောက်မည်ဖြစ်ကြောင်း ဗီယက်နမ်သံရုံးမှ ထုတ်ပြန်ချက်အရ သိရသည်။

ယခင် စာရင်းပေးထားသော သတင်းထောက်ဦးရေမှာ ဖေဖော်ဝါရီလ ၂၁ရက်နေ့တွင် ၂၆၀၀ သာရှိသေးသော်လည်း ယခု စာရင်းအရ ၃၀၀၀ခန့် ရှိသွားပြီ ဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံ ဒုတိယနိုင်ငံခြားရေး ဝန်ကြီး လီဟွိုင်းထရန်က ပြောသည်။

“သတင်းသမားအများစုဟာ နိုင်ငံတကာမီဒီယာတွေဖြစ်ပါတယ်။ ပြည်တွင်းမီဒီယာကတော့ ၁၀၀ကျော်သာရှိပါတယ်။” ဟု လီကပြောသည်။

Advertisements

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ၎င်းတို့၏ တွေ့ဆုံပွဲနေရာအဖြစ် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့အား ရွေးချယ်လိုက်ကြောင်း ကြေညာပြီးနောက် ယင်းအတွက် ပြင်ဆင်ရန် ရက် ၂၀ သာ ရရှိကြောင်း၊ ပထမအကြိမ် အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးအစည်းအဝေးအား ပြီးခဲ့သည့်နှစ် စင်ကာပူနိုင်ငံတွင် ကျင်းပခဲ့စဉ်က ပြင်ဆင်ချိန် နှစ်လနီးပါး ရရှိခဲ့ကြောင်း ထရန် (Trung) က ပြောကြားခဲ့သည်။

အဆိုပါ ထိပ်သီးအစည်းအဝေးအား အောင်မြင်စွာ ကျင်းပနိုင်ရန် အတတ်နိုင်ဆုံး လုံခြုံရေးနှင့် ဘေးကင်းရေးအား သေချာစွာ လုပ်ဆောင်ရန် ဝန်ကြီးဌာနများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများအား ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် ငုယင်ကျန်းဖက် (Nguyen Xuan Phuc) က မကြာသေးမီက ညွှန်ကြားခဲ့သည်။

ဝန်ကြီးချုပ်က လက်ခံကြိုဆိုရေးလုပ်ငန်းအား အထူးအာရုံစိုက်လုပ်ဆောင်ရန်နှင့် အစည်းအဝေးသို့ သတင်းလာယူကြမည့် နိုင်ငံတကာ သတင်းထောက်များအတွက် နေရာအများဆုံး စီစဉ်ပေးရန် လိုအပ်ကြောင်းလည်း အလေးထားပြောကြားခဲ့သည်။

Bangkok Post

Advertisements

Leave a Reply