Advertisements
စိုက်ပျိုးရေးတောင်သူများအတွက် သင်တန်းဆောင်နှင့်နားနေဆောင် ဖွင့်လှစ်
မော်လမြိုင် ဖေဖော်ဝါရီ
 ဘားအံမြို့ အိန္ဒု-မော်လမြိုင် ကားလမ်းဘေးရှိ ကမော့ကပို မျိုးသန့်ခြံတွင် ကျေးရွာများရှိ စိုက်ပျိုးရေးတောင်သူများအား သင်တန်းပေးနိုင်ရန် ဒေသဆိုင်ရာဖွံ့ဖြိုးရေးစီမံကိန်းအစီအစဉ်ဖြင့် သင်တန်းဆောင်နှင့် နားနေဆောင်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
 ဖေဖော်ဝါရီ ၂၁ တွင် အဆိုပါ အဆောက်အဦသစ် ဖွင့်လှစ်ပွဲ ကျင်းပခဲ့ပြီး ကရင်ပြည်နယ် စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်းမြောင်းဝန်ကြီးဌာနနှင့် Grater Mekong Subregion Agriculture and Education Development Center (GMSAEDC) တို့ ပူးပေါင်းကာ ဒေသဆိုင်ရာဖွံ့ဖြိုးရေးစီမံကိန်း အစီအစဉ်ဖြင့် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း ဖွင့်ပွဲကျင်းပရေးမှ တာဝန်ရှိသူက ပြောသည်။
 “အဓိကက စိုက်ပျိုးရေးတောင်သူတွေ အဆင်ပြေစေဖို့ သူတို့တွေကို သင်တန်းတွေ ပေးတဲ့အခါမှာ အထောက်အပံ့ရစေဖို့ ရည်ရွယ်တယ်လို့ သိရတယ်၊ တောင်သူတွေအတွက်တော့ ပိုပြီး အဆင်ပြေစေတာပေါ့”ဟု ၎င်းက ပြောသည်။
Advertisements
 ဖွင့်လှစ်သည့် သင်တန်းဆောင်မှာ အလျားပေ ၃ဝ၊ အနံ ၁၈ပေ၊ အမြင့် ၁ဝပေရှိပြီး နားနေဆောင်မှာ အလျား ၃၃ပေ၊ အနံ ၁၈ပေနှင့် အမြင့် ၁၁ပေ ရှိသော RC တစ်ထပ် အဆောက်အဦ အမျိုးအစားဖြစ်ကြောင်း၊
GMSAEDC မှ ထောက်ပံ့ပေးအပ်သော သင်ထောက်ကူပစ္စည်းများကို ဘားအံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ထပ်မံပြောသည်။
 ကရင်ပြည်နယ် အတွင်းရှိ ဘားအံ၊ လှိုင်းဘွဲ့၊ ကော့ကရိတ်မြို့နယ်များအပါအဝင် အနီးအနားရှိ ကျေးရွာများမှ စိုက်ပျိုးရေးတောင်သူများကို ခေါ်ယူကာ သင်တန်ပေးပါက စိုက်ပျိုးရေးကဏ္ဍ တိုးတက်လာမည်ဖြစ်ကြောင်း ဘားအံမြို့နယ်မှ စိုက်ပျိုးရေးလုပ်ငန်းရှင် ဦးစောလှမောင်က ပြောသည်။
 “ဒေသခံ စိုက်ပျိုးရေးတောင်သူတွေအတွက် ခေတ်မီတဲ့ စိုက်ပျိုးရေးနည်းပညာတွေ လိုအပ်တယ်၊ သူတို့သိတဲ့ အတိုင်းမဟုတ်တော့ဘူး၊ ပိုပြီးကောင်းမွန်တဲ့ စိုက်ပျိုးရေးနည်းပညာတွေကို သူတို့ဆီ ပို့ပေးနိုင်မယ်ဆိုရင် ကောင်းတာပေါ့”ဟု ၎င်းက ပြောသည်။
 စိုက်ပျိုးရေးကဏ္ဍ တိုးတက်လာစေရန်အတွက် ဒေသခံစိုက်ပျိုးရေးတောင်သူများအတွက် ခေတ်မီသော စိုက်ပျိုးရေးနည်းပညာများ၊ သင်တန်းများ၊ မြေသြဇာအသုံးပြုပုံများ စနစ်တကျ သင်ကြားနိုင်ရန် လိုအပ်ကြောင်း ဆက်လက်ပြောသည်။
ထိုက်ထိုက်
Advertisements
Leave a Reply