အမေရိကန်နှင့် မြောက်ကိုရီးယား သံတမန်အချို့ ဗီယက်နမ်တွင် ကနဦး တွေ့ဆုံ

22

ဟနွိုင်း ဖေဖော်ဝါရီ

လာမည့် သီတင်းပတ်တွင် ထိပ်သီးအစည်းအဝေးတစ်ရပ် ကျင်းပတော့မည်ဖြစ်ရာ ယင်းမတိုင်မီ အမေရိကန်နှင့်မြောက်ကိုရီးယား ကိုယ်စားလှယ်အချို့ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ဖေဖော်ဝါရီ ၂၁ရက်က အလုပ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ အမေရိကန်အထူးသံတမန် စတီဖင်ဘီဂွန်းသည် ဖေဖော်ဝါရီ ၂၁ ရက်တွင် ဟနွိုင်းသို့ ရောက်ရှိခဲ့သည်။ အမေရိကန်နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံခေါင်းဆောင်တို့၏ ဒုတိယအကြိမ် ထိပ်သီးအစည်းအဝေးနှင့်စပ်လျဉ်း၍ ပြင်ဆင်မှုများပြုလုပ်ရန်၊ အလုပ်သဘောဆွေးနွေးပွဲကျင်းပရန်အတွက် မြောက်ကိုရီးယားအထူးသံတမန် ကင်ယောင်ချိုနှင့် တွေ့ဆုံခဲ့သည်။

နှစ်နိုင်ငံသံတမန်နှစ်ဦးတွေ့ဆုံရာတွင် မြောက်ကိုရီးယားနိုင်ငံအနေဖြင့် ပိတ်ဆို့မှုများလျှော့ချရေးနှင့် နိုင်ငံရေး စနစ်ရှင်သန်ရေး အာမခံချက်ပေးလိမ့်မည်ဟုယူဆထားသော ယခင်ကိုရီးယားစစ်ပွဲ အဆုံးသတ်ရေး ကြေညာချက်တို့နှင့် စပ်လျဉ်း၍ တောင်းဆိုခဲ့ကြောင်း သိရသည်။

အမေရိကန်နိုင်ငံကမူ မြောက်ကိုရီးယား၏ နျူကလီးယားနှင့်ဆက်စပ်သော ဆောင်ရွက်ချက်များကို စစ်ဆေးရေးခွင့်ပြုခြင်းကဲ့သို့သော နျူကလီးယားအပြီးတိုင်ဖျက်သိမ်းရေးဆိုင်ရာကိစ္စရပ်များကို ပိုမိုတိကျသည့် တိုင်းတာစစ်ဆေးမှုများလုပ်ဆောင်ခွင့်ပြုရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

NHK

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်