ဝေါ့ဒစ္စနေး၏ စက္ကန့်သုံးဆယ်စာ အားကစားအစီအစဉ် ဒေါ်လာ သန်း ၂,၀၀၀ ဖြင့် ရောင်းချ  

35

နယူးယောက် ဖေဖော်ဝါရီ

အမေရိကန် နာမည်ကျော် ဝေါ့ဒစ္စနေး ကုမ္ပဏီကနေ တင်ဆက်တဲ့ စက္ကန့် သုံးဆယ်ကြာ အားကစားအစီအစဉ်ကို အမေရိကန်ဒေါ်လာ သန်း ၂၀၀၀ကျော်နဲ့ ရောင်းချနိုင်ခဲ့တယ်လို့ ကုမ္ပဏီဘက်က ထုတ်ပြန်ကြေညာပါတယ်။

ဒစ္စနေးကုမ္ပဏီရဲ့ ကိုယ်ပိုင် တီဗီအစီအစဉ်တစ်ခုဖြစ်ပြီး နာမည်ကတော့ ABC လို့ ခေါ်ပါတယ်။ ဒါကို ဝယ်ယူလိုက်တာကတော့ နာမည်ကျော် Oscar ကုမ္ပဏီပဲ ဖြစ်ပါတယ်။ ဒီအစီအစဉ်က တိုတောင်းပေမဲ့ လူစိတ်ဝင်စားမှု မြင့်တက်ပြီး ဆုတွေ မကြာခဏ ရလေ့ရှိတဲ့နာမည်ကျော် အစီအစဉ်တစ်ခုလည်း ဖြစ်ပါသေးတယ်။

နာမည်အကျော်ဇောဆုံး Oscar ရုပ်သံ ကုမ္ပဏီဟာ အားကစားကဏ္ဍကို အဓိက တင်ဆက်တာဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ မူလ အစီအစဉ်တစ်ခုဟာ စက္ကန့် ၃၀ ကို အမေရိကန်ဒေါ်လာ သန်းပေါင်း ၅၂၅၀ သတ်မှတ်ထားတာကြောင့် ABC ကို ဝယ်ယူတဲ့ဈေးဟာ နည်းနေသေးတယ်လို့တောင် ပြောလို့ ရပါတယ်။

အော်စကာဆုပေးပွဲကိုလည်း အဓိက တာဝန်ယူလုပ်ဆောင်ပေးတဲ့ Oscar ကုမ္ပဏီဟာ အခု ဝယ်ယူလိုက်တဲ့ အစီအစဉ်ကို အော်စကာဆုပေးပွဲမှာ ထုတ်လွှင့်ဖို့ စီစဉ်ထားပြီး ဝင်ငွေ ဒေါ်လာသန်းပေါင်း ၄၄,၀၀၀ရမယ်လို့ မျှော်မှန်းထားပါတယ်။ အခြား နာမည်ကျော် အစီအစဉ်တွေကိုလည်း စာချုပ်သက်တမ်းနဲ့ လုပ်ပိုင်ခွင့် ဝယ်ယူဖို့ ရှိနေတယ်လို့ Oscar ကုမ္ပဏီဘက်က ပြောပါတယ်။

၂၀၁၈-၁၉ နောက်ပိုင်းမှာ ရုပ်သံကြည့်ရှုသူတွေဟာ နာမည်ကျော်အစီစဉ်တွေကြားက ကြေညာတွေအစား အစီအစဉ် အတိုလေးတွေ ထုတ်လွှင့်ဖို့ ပိုမိုလိုလားလာကြပါတယ်။ ဒါကြောင့် Google, Rolex,  Verizon,  Walmart, Budweiser, McDonald’s တို့ကလည်း ကြေညာတွေကို အစီအစဉ်အတိုလေးတွေ၊ ဇာတ်လမ်းတိုလေးတွေ ပုံစံနဲ့ တင်ဆက်လာကြပါတယ်။

ဒီလို နာမည်ကျော် Oscar ကုမ္ပဏီက အခြားနာမည်ကြီးအစီအစဉ်တိုတွေကို လိုက်လံဝယ်ယူပြီး ပြန်လည် ထုတ်လွှင့်တယ်ဆိုတာက ပထမဆုံးအကြိမ်ဖြစ်ပြီး နာမည်ကျော် အချင်းချင်း ပူးပေါင်းမှုကြောင့် ကြည့်ရှုသူတွေရဲ့ စိတ်ဝင်စားမှုတွေကလည်း လူမှုကွန်ယက်ပေါ်မှာ မြင့်တက်လို့နေပါတယ်။

CNBC

Advertisements

Leave a Reply