Advertisements

နိုင်ငံတကာ ဖုန်းဈေးကွက်တွင် အက်ပဲနှင့် ဆမ်ဆောင်းကို ဟွာဝေးကျော်တက်

နယူးယောက် ဖေဖော်ဝါရီ

တရုတ်နိုင်ငံရဲ့ နာမည်ကျော် ဟွာဝေးဖုန်းဟာ ပြည်တွင်းဈေးကွက်မှာသာမက နိုင်ငံတကာဈေးကွက်မှာပါ ဆမ်ဆောင်းနဲ့ အက်လ်ပဲတို့ကို ကျော်တက်နေတယ်လို့ သုတေသန ရလဒ်တစ်ခု ထွက်ပေါ်လာပါတယ်။

အကြောင်းရင်းကတော့ ဆမ်ဆောင်းနဲ့ Appleထုတ်ကုန်တွေဟာ ဈေးကြီးလွန်းတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ သုတေသနပြုချက်တွေအရ ဟွာဝေးကုမ္ပဏီရဲ့ ဖုန်းရောင်းချနှုန်းဟာ ၂၀၁၈ ဒီဇင်ဘာကစလို့ မူလထက် ၁၅ရာခိုင်နှုန်း ရောင်းအားတက်ခဲ့ပါတယ်။ ဒီအချိန်မှာ ဟွာဝေးရဲ့ အမှုဆောင်အရာရှိချုပ်ဟာ ကနေဒါနိုင်ငံမှာ ထိမ်းသိမ်းခံနေရချိန်ဖြစ်ပါတယ်။

သုတေသီတွေရဲ့ အဆိုအရ ဈေးကွက်တွင်းမှာ ရောင်းချရနှုန်းတွေကို နှိုင်းယှဉ်လိုက်တဲ့အခါ ဟွာဝေးဟာ ထုတ်ကုန်တွေရဲ့ ၁၇ရာခိုင်နှုန်းလောက် လက်ကျန်ရှိခဲ့ရာမှ နောက်ပိုင်းမှာ ရောင်းရန်မလုံလောက်တဲ့အထိ ဖြစ်လာကြောင်း တွေ့ရပါတယ်။

Advertisements

လေးနှစ်အတွင်းမှာ Apple ရဲ့ ထုတ်ကုန်တွေဟာ ရောင်းအား ၁ရာခိုင်နှုန်းသာ တိုးတက်မှုရှိခဲ့ပြီး ဆမ်ဆောင်းကတော့ ၂ရာခိုင်နှုန်းသာ တိုးတက်လာတာကိုတွေ့ရပါတယ်။

Apple ဖုန်းတွေဟာ အောက်ခြေမှာ ရောင်းအားအတော်လေးကျနေပြီး ဈေးကွက်အကြပ်အတည်းရင်ဆိုင်နေရ တယ်လို့ စီးပွားရေးသုတေသီ အန်ရှောဂူတာက ပြောပါတယ်။

တရုတ်စမတ်ဖုန်းတွေ ဈေးကွက်ကို ဦးဆောင်လာနိုင်တာဟာ တရုတ်နိုင်ငံက နိုင်ငံတကာကို ဦးဆောင်ခွင့်ရမယ့် အခွင့်အရေးဆီ ဦးတည်နေစေပါတယ်လို့ သူကပြောပါတယ်။

Apple ဟာ ၂၀၁၈ခုနှစ်အတွင်းမှာ ဒေါ်လာသန်းပေါင်း  ၆၄ဒသမ ၅သန်းအထိရောင်းချခဲ့ရပါတယ်။ ဒါပေမဲ့ ယခင်ရှေ့နှစ်တွေနဲ့ နှိုင်းယှဉ်ကြည့်ရင် ၁၂ရာခိုင်နှုှန်းအထိ ရောင်းအားကျနေတာကို တွေ့ရပါတယ်။ ဒါကို ဖြေရှင်းတဲ့အနေနဲ့ ထုတ်ကုန်တွေကို တန်ဖိုးနည်းထုတ်ကုန်တွေအဖြစ်ပြောင်းလဲ ကြည့်ဖို့ ကြိုးစားနေပါတယ်လို့ ကုမ္ပဏီဘက်က ဖြေရှင်းထားပါတယ်။

ယခင်က တရုတ်ဖုန်းဈေးကွက်ဟာ အနောက်နိုင်ငံထုတ် တန်ဖိုးကြီး ဖုန်းတွေကို မယှဉ်သာခဲ့ပေမဲ့ အခုအခြေအနေအရ တရုတ်ဖုန်းဈေးကွက်ဟာ ပြည်တွင်းသာမက ပြည်ပကိုပါ လွှမ်းခြုံတော့မဲ့အနေအထားရှိနေပါတယ်။ တရုတ်နဲ့ အမေရိကန် ကုန်သွယ်ရေး မပြေလည်မှုတွေ ရှိနေပေမဲ့ ဟွာဝေးရဲ့ ဖုန်းတွေက ရောင်းအားမကျသွားဘူးလို့ ကုမ္ပဏီဘက်က ပြောရေးဆိုခွင့်ရှိသူတွေက ပြောပါတယ်။

ကမ္ဘာကြီးဟာ ကမ္ဘာ့ထိပ်တန်းနည်းပညာအပြည့်နဲ့ ဟွာဝေးကို လိုအပ်နေပြီလို့လည်း ဟွာဝေးရဲ့ စီအီးအို မစ္စတာ ကျန်းလီမန် ကဆိုထားပါတယ်။

CAN

Advertisements

Leave a Reply