စာမေးပွဲရာသီ အသံချဲ့စက်နှင့်ဆောင်းဘောက်များကို ကန့်သတ်မည်

ချောင်းဆုံ ဖေဖော်ဝါရီ ၂၂

ချောင်းဆုံမြို့နယ် ရပ်ကွက်/ ကျေးရွာများတွင် စာမေးပွဲရာသီအတွင်း အသံချဲ့စက်နှင့်ဆောင်းဘောက် များဆူညံကျယ်လောင်စွာ မဖွင့်လှစ်ရန် တားမြစ် ကန့်သတ်ထားကြောင်း ဖေဖော်ဝါရီ တတိယပတ်တွင် သိရသည်။

အခြေအနေ အရမဖြစ်မနေဖွင့်လှစ်ရမည်ဆိုပါကလည်း အချိန်ပိုင်းဖြင့်စနစ်တကျဖွင့်လှစ် ရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးခန်းတွင် ကျင်းပသည့်ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာများ အပတ်စဉ်အစည်းအဝေး၌မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းအောင်ကျော်ကပြောကြားခဲ့သည်။

“စာမေးပွဲရာသီအတွင်းမှာ စာဖြေမယ့် ကလေးငယ်တွေအနှောင့်အယှက်မဖြစ်စေဖို့ ကိုယ့်ရပ်ကွက်ကျေးရွာတွေမှာ အသံချဲ့စက်တွေဆူညံမှုမရှိအောင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကထိရောက်စွာတားမြစ်ဖို့လိုတယ်။ ပြောမရရင် တည်ဆဲဥပဒေအတိုင်းထိရောက်စွာအရေးယူနိုင်ဖို့ဆက်လက်ဆောင်ရွက်ရမှာဖြစ်တယ်”ဟု ၎င်းကဆိုသည်။

Advertisements

မြို့နယ်တွင်ပွင့်လင်းရာသီရောက်သည်နှင့် အလှူပွဲ၊မင်္ဂလာပွဲ၊ ရဟန်းခံရှင်ပြုပွဲများ အလွန်များပြားကြောင်းနှင့်စာမေးပွဲကာလအတွင်းဇာတ်ပွဲကပြခွင့်ကိုလည်းခွင့်ပြုမည်မဟုတ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

“ဘီလူးကျွန်းမှာက ပွင့်လင်းရာသီရောက်တာနဲ့ ကထိန်ပွဲ ၊ ရှင်ဥပဂုတ္တပူဇော်ပွဲ ၊ရွာစဉ်ဆွမ်းကြီးလောင်းပွဲ ၊ ရွာစဉ် ရိုးရာဘုရားပွဲတွေ ရွာတိုင်းမှာလိုလို ဇာတ်ပွဲတွေ ထည့်သွင်းကြတဲ့အပြင် တချို့ရဟန်းခံရှင်ပြုပွဲတွေမှာလည်း ဇာတ်ပွဲ တွေထည့်လေ့ရှိတဲ့အတွက် တစ်ကျွန်းလုံးအနေအထားအရ ပျော်ပွဲရွှင်ပွဲက ပြတ်သွားတယ်ဆိုလို့ မရှိသလောက် ဖြစ်နေတယ်၊ ပွဲတော်တွေ ရှိတိုင်းလည်း အသံချဲ့စက်တွေ၊ ဆောင်းဘောက်တွေကို အမြဲ အသုံးပြုကြတယ်”ဟု ဒေသခံဦးမြင့်ထွန်းက ဆိုသည်။

လွတ်လပ်မောင်(ယက္ခမြေ)

Advertisements

Leave a Reply