ဘီလူးကျွန်း ကျေးရွာနှစ်ခုတွင် ဈေး တည်ဆောက်မည်

ချောင်းဆုံ ဖော်ဖော်ဝါရီ ၂၀

ချောင်းဆုံမြို့နယ် ကညှော်ကျေးရွာနှင့် မုဒွန်းကျေးရွာတို့တွင် ဈေးများ တည်ဆောက်ရန်ရှိကြောင်း သိရသည်။

“ခန့်မှန်းလျာထားငွေ ကျပ်သိန်း ၇၀၀ကျော် ဖြစ်တယ် ။လူထုဗဟိုပြု စီမံကိန်းက ကျပ် ၃၉၅ သိန်းနဲ့ဒေသခံအလှူရှင်ထည့်ဝင်လှူဒါန်းငွေတွေနဲ့လုပ်ငန်းဆောင်ရွက် သွားဖို့ရှိတယ်”ဟု ချောင်းဆုံမြို့နယ် လူထုဗဟိုပြုစီမံကိန်း လက်ထောက်နည်းပညာမှူး ဦးဝင်းထွဋ်က ပြောသည်။

မုဒွန်းကျေးရွာဈေး တည်ဆောက်ခြင်းလုပ်ငန်းမှာ အလျား၊ အနံ၊ အမြင့်အနေဖြင့် ၉၆ ပေ× ၈၄ ပေ× ၁၆ ပေ ဖြစ်ကြောင်း၊ ၆ ပေပတ်လည်ဆိုင်ခန်း ၁၂၀ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

Advertisements

ကညှော်ကျေးရွာဈေးတည်ဆောက်ခြင်းလုပ်ငန်းမှာ ၁၁၄ ပေ× ၈၄ ပေ×၁၂ပေ ၆လက္မ ဖြစ်ကြောင်း၊ ၆ပေ× ၆ပေခွဲဈေးဆိုင်ခန်း ၁၃၈ခန် ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

“ဈေးတည်ဆောက်ရေးလုပ်ငန်းမှာ ပျံကျဈေးသည်တွေလည်းရောင်းချနိုင်ဖို့ စီစဉ်ထားတယ် ၊ ရေဆိုးစွန့်ပစ် တဲ့စနစ် ၊ အမှိုက်သိမ်းစနစ်တွေလည်းစနစ်တကျစီစဉ်ဆောင်ရွက်နိုင်အောင် လုပ်ငန်းစဉ်ရေးဆွဲထားတယ်”ဟု မြို့နယ်လူထုဗဟိုပြုစီမံကိန်း လက်ထောက်နည်းပညာမှူး ဦးထူးဇော်သက်က ဆို၏။

အဆိုပါစီမံကိန်း၏ ယခုနှစ် ရာသီစက်ဝန်းတွင် ဈေးအဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ဒေသခံများကဦးစားပေးရွေးချယ်လုပ်ကိုင်လိုကြကြောင်း၊ စီမံကိန်းမှပံ့ပိုးငွေနှင့် ဒေသခံထည့်ဝင်ငွေများဖြင့် လုပ်ငန်းဆောင်ရွက်နိုင်တော့မည်ဖြစ်ကြောင်း ကညှော်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်အောင်မိုးက ပြောသည်။

ယခင်နှစ် ရာသီစက်ဝန်းတွင် ချောင်းဆုံမြို့နယ် ကမာမိုကျေးရွာ၌ ရွှေဟင်္သာ ဈေး တည်ဆောက်ခြင်းလုပ်ငန်းကို လူထုဗဟိုပြုစီမံကိန်းပံ့ပိုးငွေနှင့် ဒေသခံများစုပေါင်းထည့်ဝင်ငွေများဖြင့် ဖော်ဆောင်နိုင်ခဲ့ခြင်းကြောင့် ကညှော်နှင့်မုဒွန်းကျေးရွာခံများက ဈေးတည်ဆောက်ခြင်းလုပ်ငန်းကို စိတ်အားထက်သန်လာကြကြောင်း ကာယကံရှင်တို့က ပြောသည်။

လွတ်လပ်မောင်(ယက္ခမြေ)

Advertisements

Leave a Reply