ပြည်တွင်းမတည်ငြိမ်မှုကြောင့် ဆူဒန်နိုင်ငံတွင် အရေးပေါ်အခြေအနေ ကြေညာ

ဆူဒန် ဖေဖော်ဝါရီ ၂၅

ဆူဒန်နိုင်ငံတွင် နိုင်ငံရေးအခြေအနေကြောင့် ပြည်တွင်းမတည်ငြိမ်မှုများဖြစ်ပွားခဲ့ပြီး ဖေဖော်ဝါရီ ၂၄ရက်တွင် အရေးပေါ်အခြေအနေ ကြေညာခဲ့ရသည်။

ဆူဒန်သမ္မတ အိုမာအယ်လ်ဘာရှားက ယင်းကို ကြေညာခဲ့ပြီး အစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် မြို့တော်ဝန်များကို ထုတ်ပယ်ခဲ့ကြောင်း မီဒီယာများကို တရားဝင်ပြောဆိုလိုက်သည်။

အစိုးရဆန့်ကျင်ဆန္ဒပြသူများက သမ္မတ ဘာရှားအား နုတ်ထွက်ပေးရေးတောင်းဆိုမှုများ ဆက်လက် လုပ်ဆောင်လာခဲ့ခြင်းကြောင့် ဖေဖော်ဝါရီ ၂၂ ရက်တွင် ပြောကြားခဲ့သည့် ရုပ်မြင်သံကြားမိန့်ခွန်းမှတစ်ဆင့် ယင်းသို့ ကြေညာခဲ့ခြင်းဖြစ်သည်။

Advertisements

၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလအတွင်းက အစားအစာနှင့် လောင်စာဆီဈေးနှုန်းများ ကြီးမြင့်လာမှုအပေါ် တိုင်ကြားချက်အများအပြား ထွက်ပေါ်လာခဲ့ပြီးနောက် ဆန္ဒပြမှုများဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ယခုအရေးပေါ်ကြေညာချက် သည် တစ်နှစ်ကြာမြင့်လိမ့်မည်ဖြစ်ကြောင်းနှင့် လုံခြုံရေး အာဏာပိုင်များကို လုပ်ပိုင်ခွင့်ပိုမိုပေးအပ်သွားမည် ဖြစ် ကြောင်း သမ္မတ ဘာရှားက ပြောသည်။

သမ္မတအနေဖြင့် ဆန့်ကျင်သူများအပေါ် ချင့်တွက်စဉ်းစားသည့်လုပ်ရပ်များကို ပြသ ခဲ့ခြင်းဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက်အပေါ် ရပ်တည်ချက်များကိုလည်း ပြောင်းလဲပေးရန် ပါလီမန်သို့ တောင်းဆိုခဲ့သည်။ ယင်းသို့ပြုလုပ်ခြင်းက နောက်ထပ်သမ္မတသက်တမ်း ဆက်လက်ရရှိစေလိမ့်မည်ဖြစ်သည်ဟု ဆိုသည်။

ဖြစ်ပေါ်လာသည့် ပြဿနာရပ်များကိုလည်း ဆွေးနွေးခြင်းဖြင့် အဖြေရှာသင့်ကြောင်းလည်း ဘာရှားက ပြောကြားခဲ့သည်။

သမ္မတဘာရှားမှာ ၁၉၈၉ ခုနှစ်မှ စတင်ကာ နှစ်ပေါင်း ၃ဝ ကျော်ကြာ ဆူဒန်နိုင်ငံတွင် အာဏာရခဲ့သူဖြစ်သည်။

NHK

Advertisements
Advertisements

Leave a Reply