5G ကွန်ရက်အတွက် တရုတ်ကို အားကိုးရန် မလိုဟု နိုကီရာ တာဝန်ရှိသူ ပြော

26

မဲလ်ဘုန်း ဖေဖော်ဝါရီ ၂၅

နိုကီယာဖုန်းကုမ္ပဏီရဲ့ စီအီးအို ရာဂျီဆူရီက သြစတေးလျနိုင်ငံ ဈေးကွက်မှာ အသုံးပြုမဲ့ 5G ကွန်ရက်အတွက် လုံခြုံရေးပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေရှိနေတဲ့ တရုတ်ကုမ္ပဏီတွေကို အားထားနေစရာမလိုတော့ဘူးလို့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပြောလိုက်ပါတယ်။

လက်ရှိမှာ ဥရောပတိုက်အတွင်း တရုတ်နာမည်ကျော် ဖုန်းကုမ္ပဏီနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေရှိနေပါတယ်။ အထူးသဖြင့် ကနေဒါမှာ အဖမ်းခံရတဲ့ ဟွာဝေးကုမ္ပဏီရဲ့ အမှုဆောင် အရာရှိချုပ်ကို ဝါရှင်တန်ကိုလွှဲပေးဖို့ တောင်းဆိုမှုတွေရှိခဲ့ပြီး နည်းပညာပိုင်းဆိုင်ရာ နဲ့ အချက်အလက်တွေ အမေရိကန်လက်ထဲကို အလိုလို လွှဲပြောင်းပြီးသားဖြစ်သွားမှာကို ဥရောပနိုင်ငံတွေက စိုးရိမ်နေကြတာပဲ ဖြစ်ပါတယ်။

ဟွာဝေးအပါအဝင် တရုတ်ကုမ္ပဏီ ၅ခုဟာ သြစတေးလျတိုက်အတွင်းမှာ 5G ကွန်ရက်ဖြန့်ဝေပေးဖို့ ကနဦး သဘောတူညီမှုရှိခဲ့ပြီး ကုမ္ပဏီအမှုဆောင် အရာရှိချုပ် အဖမ်းခံရပြီးနောက်မှာ လုံခြုံရေးဆိုင်ရာအကြောင်းပြချက်နဲ့ လက်တွဲလုပ်ဆောင်ကြဖို့ သြစတေးလျဘက်က ငြင်းဆိုခဲ့ပါတယ်။

လက်ရှိမှာတော့ သြစတေးလျမှာ 5G ကွန်ယက်အသုံးပြုမှု မရရှိသေးပါဘူး။ ဒီလိုအခြေအနေကြောင့် ပြည်တွင်းအင်တာနက်အသုံးပြုသူတွေနဲ့ နည်းပညာသမားတွေက နောက်ကျကျန်ခဲ့မှာကို အလွန်အမင်း စိုးရိမ်လျက် ရှိပါတယ်။ နည်းပညာပိုင်းနဲ့ အင်တာနက် ကွန်ရက်ထုတ်လွှင့်မှုကို အဆင့်မြှင့်တင်ဖို့ လိုအပ်နေပြီလို့ အစိုးရကို တောင်းဆိုမှုတွေလည်း မြင့်တက်လာပါတယ်။

ဒါကြောင့် သြစတေးလျနိုင်ငံဘက်က နိုကီရာကုမ္ပဏီကို 5Gကွန်ရက်ထောက်ပံ့ဖို့ စတင်ဆွေးနွေးနေပြီ ဖြစ်ပါတယ်။ နိုကီရာဟာ အီတလီနိုင်ငံတွင်းမှာလည်း နည်းပညာထောက်ပံ့ဖို့ သဘောတူထားပြီးဖြစ်ပါတယ်။

နိုကီရာကုမ္ပဏီဟာ ဥရောပနိုင်ငံတွေဘက်ခြေဆန့်ပြီး တရုတ်ကုမ္ပဏီတွေရဲ့ ဈေးကွက်ကို အစားထိုးလွှဲယူမယ်လို့ ၂၀၁၈ နှစ်ကုန်ပိုင်းလောက်ကတည်းက တရားဝင်ပြောကြားထားပါတယ်။

တရုတ်နည်းပညာမရှိတော့ရုံနဲ့ ကမ္ဘာကြီးမှာ နည်းပညာအဆင့်တန်းနောက်ကောက်ကျသွားတယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ သူတို့နေရာကို အားဖြည့်နိုင်မဲ့ နည်းပညာအပြည့်နဲ့ ဥရောပအခြေစိုက် ကုမ္ပဏီတွေ အများကြီး ထွက်ပေါ်လာမှာပါ။ နိုကီရာကလည်း အဲ့ဒီကုမ္ပဏီတွေထဲက တစ်ခုဖြစ်လာမှာပါလို့ စီအီးအို ဆူရီက ဘာစီလိုနာမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့မိုဘိုင်းဖုန်းညီလာခံမှာ ပြောကြားခဲ့ပါတယ်။

CNA

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်