စီးကရက်ဘူးထဲ ထည့်လာသည့် စိတ်ကြွဆေးပြားအချို့ ဖမ်းမိ

30

မော်လမြိုင် ဖေဖော်ဝါရီ ၂၇

မော်လမြိုင်မြို့ မြိုင်သာယာရပ်ကွက်တွင် အမျိုးသားတစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြားများကို မွန်ပြည်နယ်ရဲအကူတပ်ဖွဲ့ခွဲ၊ မှုခင်းအကူဌာနက ဖေဖော်ဝါရီ ၂၄ ရက်တွင် ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိကြောင်း သိရသည်။

ယင်းရပ်ကွက် ၁ လမ်းနှင့် ရှင်စောပုလမ်းအကြား လမ်းဘေးတွင် ရပ်နေသူ ဝဏ္ဏဦးကို ရဲတပ်ဖွဲ့က သတင်းအရ ခေါ်ယူစစ်ဆေးခဲ့စဉ် ၎င်း၏ ယာလက်တွင် ကိုင်ထားသည့် Red Ruby စီးကရက်ဗူးအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၅ ပြားကို စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

အနီးတွင် ရပ်ထားသည့်၊ ၎င်း စီးလာသည်ဆိုသော ယာဉ်ကိုပါ ဆက်လက် စစ်ဆေးရာတွင်မူ မူးယစ်ဆေးနှင့် ပတ်သက်သည့် တစ်စုံတစ်ရာ မတွေ့ရှိခဲ့ရကြောင်း သိရသည်။

သို့ဖြစ်၍ ဝဏ္ဏဦး (၃၄ နှစ်၊ မြိုင်သာယာရပ်ကွက်နေသူ ) ကို မြိုင်သာယာနယ်မြေရဲစခန်းတွင် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ကေအမ်

Advertisements

Leave a Reply