ပါကစ္စတန်ရှိ စစ်သွေးကြွများကို အိန္ဒိယတပ်မတော် လေကြောင်းမှ တိုက်ခိုက်

နယူးဒေလီ ဖေဖော်ဝါရီ ၂၆

အိန္ဒိယနိုင်ငံရှိ မြို့ကြီးများကို အသေခံဗုံးခွဲတိုက်ခိုက်မှုများပြုလုပ်ရန် ပြင်ဆင်နေသည့် ပါကစ္စတန်က ထောက်ခံ အားပေးထားသော စစ်သွေးကြွစခန်းကို အိန္ဒိယလေတပ်မှ တိုက်လေယာဉ်များက တိုက်ခိုက်ခဲ့ကြောင်း အိန္ဒိယ အစိုးရက ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြောကြားသည်။

ယင်းလေကြောင်း တိုက်ခိုက်မှုတွင် ဂျာရစ် အီးမိုဟာမက်(ဂျေအီးအမ်) စစ်သွေးကြွများ သေဆုံးသူအရေအတွက် များပြားကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားသည်။

သို့သော် အိန္ဒိယလေတပ်မှ လေယာဉ်များကို ပါကစ္စတန် လေတပ်မှ ဂျက်တိုက်လေယာဉ်များက ဟန့်တား မောင်းထုတ်ခဲ့ခြင်းကြောင့် အိန္ဒိယဂျက်လေယာဉ်များ နောက်ကြောင်းပြန်လှည့်သွားကြပြီး ပါကစ္စတန်ပိုင်နက် နယ်မြေအတွင်း ထိခိုက်သေဆုံးပျက်စီးမှုမရှိကြောင်း ပါကစ္စတန်ဘက်မှ ပြောကြားသည်။

Advertisements

အိန္ဒိယနိုင်ငံက ထိန်းချုပ်သည့် ကက်ရှ်မီးယားဒေသ တွင် ဖေဖော်ဝါရီ ၁၄ ရက်က အသေခံကားဗုံးခွဲတိုက်ခိုက်မှု ကြောင့် အိန္ဒိယစစ်သည် ၄၁ ဦး သေဆုံးခဲ့ရသည်။ ယင်းကားဗုံးဖောက်ခွဲမှုကို ၎င်းတို့လုပ်ဆောင်ခဲ့သည်ဟု ဂျေအီးအမ်စစ်သွေးကြွအဖွဲ့က ထုတ်ပြန်ကြေညာခဲ့ပြီး နောက်တွင် အိမ်နီးချင်းအိန္ဒိယနှင့် ပါကစ္စတန်နှစ်နိုင်ငံ အကြားတွင် တင်းမာမှုများမြင့်တက်လာပြီး အပြန်အလှန် ခြိမ်းခြောက်မှုများ ပြုလုပ်လာခဲ့ကြသည်။

ယင်းလေကြောင်းတိုက်ခိုက်မှုအတွင်း ဂျေအီးအမ် စစ်သွေးကြွအဖွဲ့မှ သင်တန်းသားများနှင့် အထက်တန်း တပ်မှူးများအပါအဝင် အများအပြား သေဆုံးသွား ကြောင်း အိန္ဒိယနိုင်ငံခြားရေးဌာနအတွင်းဝန် ဗီဂျေးဂေါ့ ဟာလီက ပြောကြားသည်။

NHK

Advertisements

Leave a Reply