တရုတ်ရှိ အမေရိကန်စိုက်ပျိုးရေးသွင်းကုန်များအခွန်ကင်းလွတ်ခွင့်ပေးရန် ထရန့်တိုက်တွန်း

22

ဝါရှင်တန် မတ် ၃

အမေရိကန်ပြည်ထောင်စုမှ တင်သွင်းသည့် စိုက်ပျိုးရေး ထုတ်ကုန်များအပေါ် အခွန်ကောက်ခံမှုဖယ်ရှားပေးရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က မတ် ၁ ရက်တွင် တရုတ်နိုင်ငံအား တိုက်တွန်းခဲ့ပြီး ပြိုင်ဘက်စီးပွားရေး အင်အားကြီး နှစ်နိုင်ငံအကြား ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးမှုများ ကောင်းမွန်စွာ လုပ်ဆောင်နေသည်ဟု ဆက်လက်ပြောကြားခဲ့သည်။

အမဲသားနှင့် ဝက်သားအပါအဝင် အမေရိကန်နိုင်ငံ၏စိုက်ပျိုးရေးထုတ်ကုန်များအပေါ် အခွန်ကောက်ခံမှုများကို အလျင်အမြန် ဖျက်သိမ်းပေးရန် မိမိတောင်းဆိုကြောင်း အမေရိကန်သမ္မတက ကိုယ်ပိုင် တွစ်တာ စာမျက်နှာ၌ ရေးသားခဲ့သည်။

တရုတ်နိုင်ငံနှင့် ပြုလုပ်သော ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲများတစ်လျှောက်တွင် ကျေနပ်ဖွယ်ရာရှိမှု၊ ¤င်း အနေဖြင့် လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်းက တရုတ်က နိုင်ငံ၏ပို့ကုန်များအပေါ် အခွန်တိုးမြှင့် ကောက်ခံ သည့် အစီအစဉ်များ ရွှေ့ဆိုင်းခဲ့ခြင်းတို့အပေါ် အခြေခံ၍ ယင်းသို့ တောင်းဆိုရခြင်းဖြစ်ကြောင်း သမ္မတ ထရန့်က ရေးသားခဲ့ သည်။

ယင်းကိစ္စသည် အမေရိကန်ပြည်ထောင်စုမှ လယ်သမားများနှင့် မိမိအတွက် အလွန်အရေးကြီးကြောင်း သမ္မတထရန့်က ဆက်လက်ရေးသားထားသည်။

တရုတ်နှင့် အမေရိကန်ပြည်ထောင်စုအကြား ကုန်သွယ်ရေးစစ်ပွဲဖြစ်ပွားပြီး လအတန်ကြာတွင် နှစ်နိုင်ငံ အကြား မတူကွဲပြားမှုများအတွက် ကုန်သွယ်ရေးစစ်ကို ရက်ပေါင်း ၉ဝ ရပ်ဆိုင်းထားရန် နှစ်ဖက်သဘောတူညီခဲ့ ကြပြီး ယင်းသဘောတူညီချက်မှာ မတ် ၁ ရက်တွင် အဆုံး သတ်ရန် စီစဉ်ထားခဲ့ကြသည်။

သို့သော် အမေရိကန် သမ္မတ ထရန့်က နောက်ဆုံးတွင် တရုတ်နိုင်ငံ၏ပို့ကုန်များ အပေါ် အခွန်တိုးမြှင့် ကောက်ခံမည်ဟု ရာဇသံကို ဖြေလျှော့ ပေးခဲ့သည်။ ယင်းသို့ ဖြေလျှော့ပေးခဲ့ခြင်းမှာ တရုတ်နှင့် အမေရိကန်ပြည်ထောင်စုအကြား ပြုလုပ်ခဲ့သည့် ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးမှုများ၏ တိုးတက်မှုကို ကျေနပ်အားရ၍ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နှင့် အမေရိကန်တို့၏ သမိုင်းဝင်ကုန်သွယ်ရေး ဆိုင်ရာ သဘောတူညီမှုများ ရရှိတော့မည့်ဆဲဆဲရှိ ကြောင်း သမ္မတအိမ်ဖြူတော် စီးပွားရေးဆိုင်ရာ တာဝန်ရှိ သူ လာရီကုဒ်က ဖေဖော်ဝါရီ ၂၈ ရက်တွင် ပြောကြားခဲ့ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ တွေ့ဆုံဆွေးနွေးမှုကို ယခုလအတွင်း ပြုလုပ် နိုင်ဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။

AFP

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်