Advertisements

ဂျပန်နိုင်ငံမှာ ဈေးကွက်ပြိုင်ဆိုင်မှု ပြင်းထန်နေတဲ့ Uber နဲ့ Lyft

တိုကျို မတ် ၄

ကမ္ဘာကျော် တက္ကစီ အငှားဝန်ဆောင်မှုလုပ်ငန်းတွေဖြစ်တဲ့ Uber နဲ့ Lyft ကုမ္ပဏိတွေဟာ ၂၀၁၉ခုနှစ်မှာ အာရှအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးကို ဈေးကွက်အသစ်တွေ တိုးချဲ့ခဲ့ပါတယ်။

အပြိုင်အဆိုင် ကုမ္ပဏီနှစ်ခုဟာ လက်ရှိ ဂျပန်နိုင်ငံမှာတော့ ဈေးကွက်ပြိုင်ဆိုင်မှု ပြင်းထန်မှုတွေဖြစ်ပေါ်နေပါတယ်။

ကမ္ဘာ့နိုင်ငံတွေမှာ ဈေးကွက်တိုးချဲ့ခဲ့ပေမဲ့ အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေမှာ အခြားတက္ကစီအငှားဝန်ဆောင်မှု လုပ်ငန်းတွေရှိပြီးသားဖြစ်ပြီး ဂျပန်မှာတော့ ကုမ္ပဏီနှစ်ခုသာ ဈေးကွက်ကြီးကြီးမားမား ရှိနေတာကြောင့် ဈေးကွက်ပြိုင်ဆိုင်မှုဟာ မထင်မှတ်ဘဲ ပြင်းထန်လာတာဖြစ်ပါတယ်။

Advertisements

ကုမ္ပဏီနှစ်ခုလုံးရဲ့ ရှယ်ယာရှင်ကြီးတွေဟာလည်း ဂျပန်နိုင်ငံ တိုကျိုမှာ အခြေစိုက်ထားတာကြောင့် ရုံးချုပ်အသီးသီးဟာ ဆန်ဖရန်စ္စကိုမြို့မှာဖြစ်ပေမဲ့ ဈေးကွက်ပြိုင်ဆိုင်မှုကတော့ ဂျပန်မှာပဲ အဓိက ဖြစ်လို့ နေပါတယ်။

ဂျပန်နိုင်ငံရဲ့ အင်အားအကြီးဆုံး ဘဏ်ဖြစ်တဲ့ SoftBank ကိုဦးဆောင်သူ မာဆာယိုရှီဟာ အူဘာကုမ္ပဏီ စုစုပေါင်း ရှယ်ယာရဲ့ ၁၅ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပါတယ်။

Uber နဲ့ Lyftကုမ္ပဏီတွေဟာ နည်းပညာနဲ့ ဈေးကွက်ချဲ့ထွင်မှုကို ပြိုင်ဆိုင်လာတာ ငါးနှစ်ကျော်သက်တမ်း ရှိနေခဲ့ပါပြီ။ ဒီလိုပြိုင်ဆိုင်မှုတွေထဲမှာ နိုင်ငံတကာမှာ အသုံးပြုမှုနှုန်း၊ ငွေကြေးစီးဆင်းမှု၊ နည်းပညာနဲ့ ဝန်ဆောင်မှု အားသာချက်တွေအထိ ပါဝင်ပါတယ်။

ဂျပန်ရဲ့ နာမည်ကျော်လုပ်ငန်းရှင်တွေဟာ ကုမ္ပဏီနှစ်ခုလုံးမှာ အသီးသီးရှယ်ယာတွေ ထည့်သွင်းလာမှုကလည်း ဈေးကွက်ပြိုင်ဆိုင်မှုကို ပိုမိုအားကောင်းလာစေတာ ဖြစ်ပါတယ်။

ဂျပန် Rakuten လုပ်ငန်းစုရဲ့ စီအီးအို ဟီရိုရှီမီကီတာနီကလည်း ၂၀၁၅ခုနှစ်မှာ Lyft ကုမ္ပဏီကို အမေရိကန်ဒေါ်လာ သန်းပေါင်း ၃၀၀ကျော် ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။

Lyftဟာ တစ်ကမ္ဘာလုံးကလူတွေရဲ့ ခရီးသွားလာမှုအတွက် အဓိကအသုံးပြုရတဲ့ ဝန်ဆောင်မှု လုပ်ငန်း ဖြစ်လာမယ်လို့ ယုံကြည်တယ်လို့ သူက ပြောခဲ့ပါသေးတယ်။

တစ်ချိန်တည်းမှာလည်း ဂျပန်နိုင်ငံရဲ့ တတိယအချမ်းသာဆုံး မီလျံနာသူဌေးကြီး မီကီတာနီဟာ ရင်းနှီးမြှုပ်နှံငွေ သန်းတစ်ထောင်ကို SoftBank နဲ့ ပူးပေါင်းထည့်ခဲ့ပြီး Uberမှာ ဘုတ်ဒါရိုက်တာအဖြစ် လုပ်ဆောင်ခဲ့ပါသေးတယ်။ ကုမ္ပဏီနှစ်ခုရဲ့ ဈေးကွက်ပြိုင်ဆိုင်မှုဟာ ငွေကြေးအခြေအနေသာမက ဂျပန်နာမည်ကြီး လုပ်ငန်းရှင်တွေရဲ့ စီးပွားရေးနဲ့ ပတ်သတ်တဲ့ ဂုဏ်သိက္ခာပိုင်းဆိုင်ရာ အားပြိုင်မှုလည်း ဖြစ်တယ်လို့ သုတေသီတွေက သုံးသပ်စောင့်ကြည့်နေကြပါတယ်။

CNBC

Advertisements

Leave a Reply