အင်ဒိုနီးရှားနှင့် သြစတေးလျနိုင်ငံ စီးပွားရေးဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုး

ဂျာတာကာ မတ် ၄

အင်ဒိုနီးရှားနိုင်ငံနှင့် သြစတေးလျနိုင်ငံကြား လွတ်လပ်စွာ ကုန်သွယ်ခွင့်သဘောတူညီချက်စာချုပ်သည် အချိန်အတော်ကြာ ဆွေးနွေးခဲ့ရာမှ မတ်လ ၄ရက်နေ့တွင် လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း သြစတေးလျနိုင်ငံအခြေစိုက် အင်ဒိုနီးရှားသံရုံးမှ ထုတ်ပြန်ကြေညာသည်။

အဆိုပါ သဘောတူညီချက်သည် အမေရိကန်ဒေါ်လာသန်းပေါင်းများစွာတန်ဖိုးရှိပြီး အင်ဒိုနီးရှားနိုင်ငံတွင် သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းဖြစ်သည်။ သဘောတူညီချက်လက်မှတ်ရေးထိုးရန် အချိန်ကိုးနှစ်ခန့် ညှိနှိုင်းခဲ့ရကြောင်း အင်ဒိုနီးရှားနိုင်ငံ ကုန်သွယ်ရေးဝန်ကြီး အန်ဂါတီရာစတို လူကီတာက ပြောသည်။

သဘောတူညီချက်အရ သြစတေးလျနိုင်ငံဘက်မှ အင်ဒိုနီးရှားနိုင်ငံ၏ လယ်သမားနှင့် အလုပ်သမား သန်းပေါင်း မျာစွာကို သြစတေးလျနိုင်ငံရှိ တက္ကသိုလ်များအသက်မွေးဝမ်းကြောင်းဆိုင်ရာ ကျောင်းများတွင် စီးပွားရေး၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာပညာရပ်များကိုလည်း ထောက်ပံ့သင်ကြားပေးကာ အာရှတိုက်၏ အကြီးမားဆုံး စီးပွားရေးနိုင်ငံအဖြစ် ပံ့ပိုးပေးရမည်ဖြစ်သည်။

Advertisements

သြစတေးလျနိုင်ငံသည် လက်ရှိဈေးကွက်စီးပွားရေးအရ အင်ဒိုနီးရှားနိုင်ငံတွင် စက်ရုံများ၊ ကားထုတ်လုပ်မှု စက်ရုံများ၊ လျှပ်စစ်နှင့် စက်ပစ္စည်းထုတ်ကုန်များစွာကိုအခြေပြု ထုတ်လုပ်လျက်ရှိသည်။ သဘောတူညီချက် အရ သြစတေးလျနိုင်ငံမှ လုပ်ငန်းရှင်များ၏ စက်ရုံများတွင် အင်ဒိုနီးရှားအလုပ်သမားများစွာကို ခန့်အပ်အလုပ် ပေးရမည် ဖြစ်ပြီး အလုပ်အကိုင်ပညာရပ်များကို သြစတေးလျနိုင်ငံဘက်မှ သင်ကြားထောက်ပံ့ပေးမည်ဖြစ်သည်။

သဘောတူညီချက်စာချုပ်သည် အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၁၀၀၀ကျော်တန်ဖိုးရှိပြီး ၂၀၁၇ခုနှစ်တွင် အောင်မြင်မလိုဖြစ်ခဲ့သေးသည်။ ယခု အောင်မြင်ပြီးနောက်ပိုင်းတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဖြင့် အင်ဒိုနီးရှားနိုင်ငံသည် အာရှတွင်ဈေးကွက်အတောင့်တင်းဆုံးနိုင်ငံ ဖြစ်လာမည် ဖြစ်သည်။

အင်ဒိုနီးရှားနှင့် သြစတေးလျနိုင်ငံကြား စီးပွားရေး တွဲဖက် သဘောတူညီမှုစာချုပ်သည် နှစ်နိုင်ငံကို ပိုမိုနီးကပ်စေပြီး အတူတကွ ဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်ကြောင်း သြစတေးလျနိုင်ငံခြားရေးဝန်ကြီး ဘာမင်ဟန်က ပြောသည်။

CNA

Advertisements

Leave a Reply