Advertisements

အိန္ဒိယ – ပါကစ္စတန် ရထားခရီးစဉ် ပြန်လည် စတင်

နယူးဒေလီ မတ်

စစ်မက်ဖြစ်ပွားနေသည့်အခြေအနေများကြောင့် အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံကြားပြေးဆွဲသည့် ရထားခရီးစဉ်များကို ရုတ်တရက် ရပ်ဆိုင်းထားခဲ့ရာမှ မတ်လ ၄ရက်နေ့မှစတင်ကာ ပြန်လည်ပြေးဆွဲနေပြီဖြစ်သည်။

ပိုင်ဆိုင်မှုအငြင်းပွားနေသည့် ကက်ရှ်မီးယားဒေသတွင် နောက်ဆုံးဖြစ်ပွားခဲ့သည့် လက်နက်ကိုင်တိုက်ခိုက်မှုများ ကြောင့် ရပ်ဆိုင်းထားခဲ့သည့် အိမ်နီးချင်း အိန္ဒိယနှင့် ပါကစ္စတန်နှစ်နိုင်ငံအကြား အမြန်ရထားပြေးဆွဲခုတ်မောင်းမှုမှာ ပဋိပက္ခအခြေအနေများ တည်ငြိမ်စပြုလာနေသည်ကို သက်သေပြလျက် ရှိသည်။

ယင်း အမြန်ရထားသည် ပါကစ္စတန်နိုင်ငံ အရှေ့ဘက်ပိုင်း လာဟိုးမြို့မှ အိန္ဒိယနိုင်ငံ မြောက်ပိုင်းသို့ ဦးတည်ထွက်ခွာသွား ခြင်းဖြစ်သည်။ ယင်းအိန္ဒိယနှင့် ပါကစ္စတန်နှစ်နိုင်ငံအကြား အမြန်ရထားခရီးစဉ်ကို ၁၉၇၆ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်သည်။

Advertisements

အဆိုပါ ရထားခရီးစဉ်ကို တနင်္လာနေ့နှင့် ကြာသပတေးနေ့ များတွင် ပုံမှန်ခုတ်မောင်းပြေးဆွဲခဲ့ခြင်းဖြစ်သည်။ သို့သော် လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်းကမူ ရထားခုတ်မောင်းမှု ကို ရပ်တန့်ထားခဲ့သည်။

လွန်ခဲ့သည့် လအတွင်းက အိန္ဒိယက ထိန်းချုပ်သည့် ကက်ရှ်မီးယားဒေသအတွင်း၌ အသေခံကားဗုံးခွဲ တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး အိန္ဒိယတပ်ဖွဲ့ဝင် ၄ဝ သေဆုံးခဲ့သည်။ ယင်းအသေခံ ဗုံးခွဲတိုက်ခိုက်မှုအား ၎င်းတို့လုပ်ဆောင်ခဲ့သည်ဟု ပါကစ္စတန်အခြေစိုက် စစ်သွေးကြွအုပ်စုတစ်စုက ကြေညာခဲ့သည်။

ယင်းနောက်တွင် အိန္ဒိယနှင့်ပါကစ္စတန် နှစ်နိုင်ငံ အကြား တင်းမာမှုမြင့်တက်ခဲ့ပြီး အိန္ဒိယလေတပ်မှ တိုက်လေယာဉ်တစ်စင်းကို ကက်ရှ်မီးယားဒေသတွင်း၌ ပါကစ္စတန်က ပစ်ချခဲ့ပြီး လေယာဉ်မှူးကို ဖမ်းဆီးထားခဲ့ သည်။

ဖမ်းဆီးထားသည့် အိန္ဒိယလေယာဉ်မှူးကို ပါကစ္စတန်က မတ် ၁ ရက်တွင် ပြန်လွှတ်ပေးခဲ့သော် လည်း နယ်စပ်ဖြတ်ကျော်ပစ်ခတ်မှုများ ဆက်လက် ဖြစ်ပွားခဲ့ကြပြီး ရက်သတ္တပတ်ကုန်ချိန်တွင် ပါကစ္စတန် ဘက်မှ ခုနစ်ဦးသေဆုံးပြီး အိန္ဒိယဘက်တွင် လူလေးဦး သေဆုံးခဲ့ရသည်။

NHK

Advertisements

Leave a Reply