Advertisements

ဘေးအန္တရာယ် ကျရောက်လွယ်မှုနှင့် စွမ်းဆောင်ရည်လေ့လာ ဆန်းစစ်ခြင်းဆိုင်ရာ နည်းပြသင်တန်း ဖွင့်လှစ်

မော်လမြိုင် မတ်

မော်လမြိုင်မြို့ မွန်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှု ကော်မတီရုံး အစည်းအဝေးခန်းမ၌ ဘေးအန္တရာယ် ကျရောက်လွယ်မှုနှင့် စွမ်းဆောင်ရည်လေ့လာစမ်းစစ်ခြင်းဆိုင်ရာ နည်းပြသင်တန်းကို မတ်လ ၄ ရက်နေ့က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းမှ မော်လမြိုင်မြို့အတွင်း ယမန်နှစ် ၂၀၁၈ မိုးရာသီက ဖြစ်ပွားခဲ့သော ရေကြီးမှုကို သာဓကထား၍ မြို့အတွင်း မည်သည့် အပိုင်းများ ထိခိုက်လွယ်ခြင်းနှင့် မြို့နေလူထု စွမ်းဆောင်ရည်များကို လေ့လာ ဆန်းစစ်ရန် လိုအပ်လျက်ရှိကြောင်း ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။

ယင်းနောက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိုးသီတာဝင်းက သင်တန်းနှင့် ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။

Advertisements

အဆိုပါသင်တန်းကို မွန်ပြည်နယ် ကြက်ခြေနီ ကြီးကြပ်မှု ကော်မတီရုံးတွင် မတ်လ ၄ ရက်မှ ၈ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ပြီး၊ဖွင့်ပွဲအခမ်းအနားသို့ မွန်ပြည်နယ် ကြက်ခြေနီ ကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌ ဦးမျိုးဝင်း၊ ဒုတိယ ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ကျော်မင်း၊ မွန်ပြည်နယ် မီးသတ် ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်မောင်နီ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

တေဇ

Advertisements

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်