ဓာတ်ငွေ့ပိုက်လိုင်းနှင့် ငြိမိ၍ ငါးဖမ်းပိုက်များ ပျက်စီးဆုံးရှုံးသည့်ကိစ္စ တိုင်းဝန်ကြီးချုပ်ထံ ဒေသခံတို့ အရေးဆို

29

ထားဝယ် မတ်

ထားဝယ်ခရိုင်ရေဖြူမြို့နယ်ကျောက်ထရံရွာနှင့်ဖြူနတ်ရွာမှငါးဖမ်းပိုက်များနှင့်ပင်လယ်ရေအောက်ကြမ်းပြင်တွင်ချထားသောဇောတိက(PTTEP)ကုမ္ပဏီ၏ဓာတ်ငွေ့ပိုက်လိုင်းနှင့်ငြိမိပြီးပျက်စီးသွားသည့်ငါးဖမ်းပိုက်များကိစ္စကုမ္ပဏီမှတာဝန်ယူဖြေရှင်းပေးရေးညှိနှိုင်းပေးရန်တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ထံစာပေးပို့တောင်းဆိုထားကြောင်းကာယကံရှင်ကမ်းနီးရေလုပ်သားများထံမှသိရသည်။

ရေလုပ်သား၁၆ဦး၏ငါးဖမ်းပိုက်၁၂၀ဖောင်ပျက်စီးဆုံးရှုံးခဲ့သည်ဟု၎င်းတို့ကဆိုသည်။

ငါးဖမ်းပိုက်များမှာယခုနှစ်အစမှမတ်လဆန်းပိုင်းအထိကာလအတွင်းPTTEPကုမ္ပဏီ၏ပိုက်လိုင်းနှင့်ြငိမိကာပျက်စီးဆုံးရှုံးခဲ့ကြောင်း၊သို့ဖြစ်၍ကျောက်ထရံ၊ဖြူနတ်၊တီဇစ်ကျေးရွာတို့မှဒေသခံများနှင့်ရေလုပ်သား၅၄ဦးကအဆိုပါကိစ္စနှင့်ပတ်သက်၍ကုမ္ပဏီကတာဝန်ယူဖြေရှင်းပေးရန်မတ်လ၄ရက်တွင်အရေးဆိုခဲ့ခြင်းဖြစ်ကြောင်း၊နောက်နောင်တွင်လည်းပိုက်လိုင်းနှင့်ငါးဖမ်းပိုက်များမငြိစေရန်ကုမ္ပဏီနှင့်ဒေသခံတို့ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအတွက်ညှိနှိုင်းညွှန်ကြားပေးရန်ဝန်ကြီးချုပ်ထံတင်ပြတောင်းဆိုခဲ့သည်ဟုသိရသည်။

ဒေသခံတို့၏ကမ်းနီးငါးဖမ်းကွက်အတွင်း၂၀၁၀ပြည့်နှစ်နောက်ပိုင်း၊အဆိုပါကုမ္ပဏီဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းစတင်ချိန်နောက်ပိုင်းပိုက်လိုင်းနှင့်ငါးဖမ်းပိုက်များငြိမိပြီးဆုံးရှုံးမှုမကြာခဏဖြစ်ပွားလေ့ရှိကြောင်း၊ယခုနှစ်အတွင်းငါးဖမ်းပိုက်ဆုံးရှုံးမှုမှာအများဆုံးဖြစ်ကြောင်းရေလုပ်သားများကပြောသည်။

“ကျွန်တော်တို့ဘက်မှာဆုံးရှုံးမှုများလာတော့အကူအညီတွေလိုတယ်၊နစ်နာကြေးပေါ့”ဟု ကမ်းနီးရေလုပ်သားဦးထွန်းအေးကဆိုသည်။၎င်းကယခုနှစ်ဇန်နဝါရီ၁၇ရက်တွင်ပိုက်လိုင်းနှင့်ငြိပြီးငါးဖမ်းပိုက်၁၀ဖောင်ဆုံးရှုံးခဲ့သည်ဆို၏။

ယင်းသို့ပျက်စီးဆုံးရှုံးမှုများပြားလာ၍ုဖောင်းတောကျေးရွာအုပ်ချုပ်ရေးမှူးထံသွားရောက်တိုင်ကြားရာအုပ်ချုပ်ရေးမှူးကကုမ္ပဏီမှလူမှုစီးပွားတာဝန်ခံကိုသွားရောက်ကြည့်ရှုပေးရန်ပြောခဲ့သော်လည်း၎င်းမှာကျောက်ထရံရွာသို့ရောက်မလာသေးကြောင်းဦးထွန်းအေးကမတ်လ၃ရက်တွင်ပြောသည်။

“ပိုက်ကိုမြေမြှုပ်ပေးရင်လည်းမြှုပ်ပေး၊ဖုံးတန်လည်းဖုံးပေးပေါ့နော်၊နောက်သားနောက်မြေးအထိလုပ်စားလို့ရအောင်”ဟုရေလုပ်သားဦးထွန်အေးကဆိုသည်။

ဇောတိကပိုက်လိုင်းစီမံကိန်းစတင်ချိန်မှယနေ့အချိန်အထိစီမံကိန်းလုပ်ငန်းများနှင့်စပ်လျဉ်း၍သော်လည်းကောင်း၊စီမံကိန်းကြောင့်ဒေသခံများထိခိုက်နစ်နာပါကမည်ကဲ့သို့ဖြေရှင်းဆောင်ရွက်ရမည်နှင့်စပ်လျဉ်း၍သော်လည်းကောင်းကုမ္ပဏီဘက်မှလာရောက်ရှင်းပြခြင်းမျိုးလည်းမရှိခဲ့ကြောင်းဝန်ကြီးချုပ်ထံတင်ပြသောစာ၌ဖော်ပြပါရှိသည်။ထိုင်းနိုင်ငံသို့ ကမ်းလွန်ပင်လယ်မှ ဓာတ်ငွေပို့လွှတ်ရန် ကံပေါက်ဒေသ အုန်းပင်ကွင်းကျေးရွာဘက်သို့ သွယ်တန်း လာသောTOTALကုမ္ပဏီ၏ ဓာတ်ငွေ့ပိုက်လိုင်း၊ Petronus ကုမ္ပဏီ၏ဓာတ်ငွေ့ပိုက်လိုင်းနှင့် PTTEPကုမ္ပဏီမှ ဓာတ်ငွေ့ပိုက်လိုင်းများရှိသည့်အနက်မှPTTEPကုမ္ပဏီ၏ဓာတ်ငွေ့ပိုက်လိုင်းဆက်များရှိမူလီများနှင့်ပိုက်များငြိမိ၍ယင်းသို့ ဆုံးရှုံးခဲ့ခြင်းဖြစ်သည်ဟု ရေလုပ်သားများက ပြောသည်။

တင့်လွင်

Advertisements

Leave a Reply