Advertisements

မော်လမြိုင်မြို့ပေါ်ရပ်ကွက် ခုနစ်ခုကို ဘေးအန္တရာယ် ဆန်းစစ်မည်

မော်လမြိုင် မတ်

မော်လမြိုင်မြို့ပေါ်ရပ်ကွက် ခုနစ်ခုရှိ ပြည်သူများနှင့် ထိတွေ့ပြီး ဘေးအန္တရာယ် ဆန်းစစ်ခြင်းကို လုပ်ဆောင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ် မိုးသီတာဝင်းက ပြောသည်။

၎င်း ရပ်ကွက်များမှာ ရွှေမြိုင်သီရိရပ်ကွက်၊ ဇေယျာသီရိရပ်ကွက်၊ သာယာအေးရပ်ကွက်၊ သီရိမင်္ဂလာရပ်ကွက်၊ သီရိမြိုင်ရပ်ကွက်၊ လှိုင်ရပ်ကွက်နှင့် ငန်းတေး ရပ်ကွက်တို့ဖြစ်သည်။

အဆိုပါ အစီအစဉ်အတွက် မွန်ပြည်နယ် ကြက်ခြေနီ တပ်ဖွဲ့ဝင်များကို သင်တန်းပေးထားပြီး ရပ်ကွက် တစ်ခုလျှှင် အနည်းဆုံး သုံးရက်နီးပါး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

Advertisements

ထို့နောက် ပြည်သူများနှင့် ဘေးအန္တရာယ်ဖြစ်စေသည့် အကြောင်းများကို ဆွေးနွေးပြီး လိုအပ်ပါက နိုင်ငံတော် အဆင့်ထိပါ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ယင်းအစီအစဉ် လုပ်ဆောင်ခြင်းမှာ ၂၀၁၈ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ နှစ်နှစ်အတွင်းဖြစ်ပြီး ကမ်းရိုးတန်းဒေသ ဘေးအန္တရာယ်လျှော့ချရေးအတွက် လုပ်ဆောင်သည့် အစီအစဉ် တစ်ရပ်ဖြစ်ကြောင်း သိရသည်။

တေဇ

Advertisements

Leave a Reply