Advertisements

ဒေါ်လာဈေးမငြိမ် စက်သုံးဆီဈေး အနည်းငယ် တက်

မော်လမြိုင် မတ်

မော်လမြိုင် စက်သုံးဆီဈေးကွက်မှာ ယခင်သီတင်းပတ်နှင့် နှိုင်းစာလျှင် ယခုအပတ်တွင် တစ်လီတာလျှင် ၁၀ ကျပ်ခန့်နှုန်းထိ မြင့်တက်လာကြောင်း မြို့ပေါ်ရှိ ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ဟင်္သာသို့ ပြောသည်။

“ပြီးခဲ့တဲ့ အပတ်က ဒေါ်လာဈေး တက်တယ်လေ။ အခုတော့ ပြန်ကျနေပြီ။ ရန်ကုန်မှာလည်း ပြီးခဲ့တဲ့လလောက်ကပေါ့၊ ဆီဈေးတွေ တက်တယ်။ ဒါပေမဲ့ ဒီမှာကတော့ ဆီဈေးက အခုမှ တက်တာ ”ဟု ၎င်းက မတ်လ ၇ ရက်တွင် ပြောသည်။ ဒေါ်လာဈေး မငြိမ်မသက်ဖြစ်နေသည့်အတွက် ဆီဈေးမှာလည်းတက်လိုက်ကျလိုက် ဖြစ်နေကြောင်း ၎င်းက မှတ်ချက်ပြုသည်။

ယခုအပတ် မော်လမြိုင် စက်သုံးဆီဈေးနှုန်းမှာ အောက်တိန်း ၉၂ တစ်လီတာ ၈၂၅ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာ ၉၀၅ ကျပ် ၊ ရိုးရိုးဒီဇယ် တစ်လီတာ ၁၀၀၀ ကျပ် ၊ ပရီမီယံဒီဇယ် ၁၀၁၀ ကျပ်ထိပေါက်ဈေးရှိနေသည်။

Advertisements

ယခင်သီတင်းပတ် မတ်လ ၁ ရက်တွင် ငွေလဲလှယ်နှုန်းမှာ အမေရိကန်တစ်ဒေါ်လာလျှင် ဝယ်ဈေး ၁၄၈၈ ကျပ်၊ ရောင်းဈေး ၁၅၀၄ ကျပ်ရှိပြီး မတ်လ ၈ ရက်တွင် ကန် တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ဝယ်ဈေး ၁၄၉၈ ကျပ် ၊ ရောင်းဈေး ၁၅၁၂ ကျပ် ပေါက်ဈေး ရှိနေသည်။

လျှမ်းထက်

Advertisements

Leave a Reply