မြောက်ကိုရီးယားရွေးကောက်ပွဲ ကျင်းပ

24

ပြုံယမ်း မတ်

မြောက်ကိုရီးယားနိုင်ငံ ဥပဒေပြုအဖွဲ့အသစ် တစ်ရပ် ရွေးချယ်တင်မြှောက်ရန်အတွက် ရွေးကောက်
ပွဲတစ်ရပ်ကို မတ် ၁ဝ ရက်တွင် ကျင်းပခဲ့သည်။

မြောက်ကိုရီးယားပြည်သူများက မတ် ၁ဝ ရက်တွင် မဲရုံများသို့သွားရောက်ကာ ဆန္ဒမဲများပေးခဲ့ကြကြောင်း သိရသည်။ ဒေသစံတော်ချိန် ညနေ ၆ နာရီ မထိုးမီတွင် သက်ဆိုင်ရာ မဲဆန္ဒနယ်မြေများ၌ ပြည်သူများက ဆန္ဒမဲများပေးပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါရွေးကောက်ပွဲကို ငါးနှစ်တစ်ကြိမ် ကျင်းပခြင်းဖြစ်သည်။ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီတစ်ရပ် ကသာ အနိုင်ရမည်ဖြစ်သည်။ ခေါင်းဆောင်ကင်ဂျုံအန်ဦးဆောင်သော လက်ရှိအာဏာရ အလုပ်သမား ပါတီမှာ အင်အားကြီးပါတီတစ်ခု ဖြစ်သည်။

မြောက်ကိုရီးယားနိုင်ငံတွင် နိုင်ငံရေးပါတီ တစ်ခုတည်းသာရှိပြီး မဲဆန္ဒရှင်များသည် ယင်း တစ်ပါတီကိုသာ ရွေးချယ်မဲပေးရလေ့ရှိသည်။ ဆယ်စုနှစ် တစ်စုအတွင်း အဆိုပါ ပါတီသည် ကန့်ကွက်မဲမရှိ ဆက်တိုက် အနိုင်ရရှိနေဆဲ ဖြစ်သည်။

ရွေးကောက်ပွဲကျင်းပပြီးမကြာမီအချိန်တွင် အနိုင်ရ ပါတီဝင်များဖြင့် ဖွဲ့စည်းထားမည့် ဥပဒေပြုအဖွဲ့က ရသုံး ငွေစာရင်းများအပါအဝင် တရားရေးရာပြင်ဆင်ချက်များ စသည့် နိုင်ငံရေးရာကိစ္စရပ်များကို ဆွေးနွေးကြမည် ဖြစ်သည်။

ရွေးကောက်ပွဲကျင်းပကာ အဖွဲ့အဝင်သစ်များရွေးချယ်တင်မြောက်သည်ဟု ဆိုသော်လည်း မူလ လုပ်ကိုင်နေသူ ရာထူးရှိသူများသာလျှင် အလှည့်ကျ တာဝန် ပြန်လည် ထမ်းဆောင်ရလေ့ရှိခြင်းကြောင့် မြောက်ကိုရီးယားမှာ ရွေးကောက်ပွဲကျင်းပနေသော်လည်း တစ်ပါတီ အာဏာရှင်စနစ်ကျင့်သုံးသည့် နိုင်ငံဖြစ်ကြောင်း နိုင်ငံတကာမှ လေ့လာသူများက ဝေဖန်လေ့ရှိသည်။

NHK

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်