ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစားပေးလာတဲ့ Starbucks ကုမ္ပဏီ

နယူးယောက် မတ် ၁၁

ပလပ်စတစ်ခွက်တွေ၊ အိတ်တွေနဲ့ ပိုက်တွေဟာ သဘာဝပတ်ဝန်းကျင်ကို အထိခိုက်စေဆုံး လူသုံးများတဲ့ အသုံးအဆောင်တွေပါ။ အထူးသဖြင့် ပလက်စတစ်ပိုက်တွေဟာ Starbucks တို့လို ကော်ဖီအဓိကရောင်းချတဲ့ ကုမ္ပဏီတွေအတွက် မရှိမဖြစ်သုံးဖို့ လိုအပ်ပါတယ်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့ ရည်ရွယ်တာကြောင့် Starbucks ဟာ ပလက်စတစ်ပိုက်တွေအစား စက္ကူအထူနဲ့ပြုလုပ်ထားတဲ့ ပိုက်တွေကို ၂၀၁၉အစပိုင်းကနေ စတင်အသုံးပြုခဲ့ပါတယ်။

ပလပ်စတစ်ပိုက်တွေဟာ နှစ်ပေါင်း ၁၀၀ကျော်တိုင် မပျက်စီးနိုင်ပေမဲ့ စက္ကူပိုက်တွေကတော့ နာရီပိုင်းအတွင်း ဆွေးမြေ့စေနိုင်တာကြောင့် အစားထိုးအသုံးပြုခဲ့တာ ဖြစ်တယ်လို့ Starbucks က မကြာသေးခင်က ကြေညာခဲ့ပါတယ်။

Advertisements

Starbucksဆိုင်ခွဲတွေဟာ ကမ္ဘာအနှံ့မှာ ၂၉၈၀၀ကျော်ရှိတာကြောင့် ပိုက်ပေါင်းများစွာကို လျှော့ချပြီးသားဖြစ်တယ်လို့ ကုမ္ပဏီဘက်ကပြောပါတယ်။

အစားအသောက် ကုမ္ပဏီတွေရဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ဆောင်ချက်တွေဟာ သုံးနှစ်တာအတွင်းမှာ အားကောင်းလာပါတယ်။ အမေရိကန် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့အစည်းတစ်ခုကနေ စားသုံးကုန်တွေကနေ ထွက်ရှိတဲ့ ပလက်စတစ်တွေအကြောင်း စစ်တမ်းတစ်ခု ထုတ်အပြီးမှာတော့ Starbucksအပါအဝင် ကိုကာကိုလာ၊ KFC Pizza Hut စတဲ့ ကုမ္ပဏီကြီးတွေဟာ ပလက်စတစ်အစားထိုး အသုံးပြုရေးကို လုပ်ဆောင်လာကြတာဖြစ်ပါတယ်။

ဒါပေမဲ့ Starbucks ရဲ့လုပ်ဆောင်ချက်က အားအကောင်းဆုံးဖြစ်တယ်လို့ လေ့လာသူတွေကပြောပါတယ်။
နောက်ပိုင်းမှာ Starbucksဟာ ဖော့ခွက်တွေအစား စက္ကူခွက်တွေကို အစားထိုးသုံးမယ်လို့ ကြေညာခဲ့ပါသေးတယ်။

လက်ရှိအသုံးပြုနေတဲ့ ဖော့ခွက်တွေဟာ ဆွေးမြေ့ချိန် ဆယ်နှစ်အထက်ကြာနေဆဲဖြစ်ပြီး မြန်မြန် ပျက်ဆီးဆွေးမြေ့စေနိုင်တဲ့ စက္ကူခွက်ကို ဈေးသက်သက်သာသာနဲ့ ကုမ္ပဏီမှာသုံးဖို့ စမ်းသပ်နေတယ်လို့ Starbucks ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပီကာရက်ခ်က ပြောပါတယ်။

“ကျွန်တော်တို့ရဲ့ ထုတ်ကုန်တွေဟာ လူတွေရဲ့ လိုအပ်ချက်ကိုသာမက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုပါ အထောက်အကူပြုနိုင်အောင်အမြဲလုပ်နေပါတယ်”လို့ သူကပြောပါတယ်။ ကုမ္ပဏီမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ပတ်သက်တဲ့ သုတေသနဌာနတစ်ခုသီးသန့်ထားရှိပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အလေးထားလုပ်ဆောင်နေတယ်”လို့ သူက ရှင်းပြပါတယ်။

CNN

Advertisements
Advertisements

Leave a Reply