မြို့ပေါ်တွင် အမှိုက်များကို စနစ်တစ်ခု သတ်မှတ်လုပ်ဆောင်နေသော်လည်း ကျေးရွာများတွင် မရှိသေး

17

မော်လမြိုင် မတ်

မြို့ပေါ်များတွင် အမှိုက်များ သိမ်းဆည်းခြင်းကို စနစ်တစ်ခု သတ်မှတ်၍ လုပ်ဆောင်လျက် ရှိသော်လည်း ကျေးရွာများတွင် လုပ်ဆောင်နိုင်ခြင်း မရှိသည်ကို တွေ့ရှိရကြောင်း UNDP မှ နည်းပညာ အကြံပေး အရာရှိချုပ် Anki Dellna က ထောက်ပြပြောဆိုသည်။

အမှိုက်များကို စနစ်တကျ ဖြစ်စေရန်အတွက် အစိုးရဘက်မှ အားတက်သရော လုပ်ဆောင်လျက်ရှိပြီး UNDP မှလည် နည်းပညာများ ကူညီပေးလျက်ရှိကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် အမှိုက်နှင့် ပတ်သက်၍ UNDP မှ ပညာရှင်တစ်ဦးက မော်လမြိုင်အပါအဝင် ပေါင်မြို့၊ ကျိုက်မရောမြို့၊ ချောင်းဆုံမြို့နှင့် မုဒုံမြို့များကို လေ့လာ ဆန်းစစ်ရာ အမှိုက်နှင့် ပတ်သက်၍ စီမံခန့်ခွဲမှုများကို အထက်ပါ အတိုင်းတွေ့ရှိခြင်း ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ထို့နောက် အမှိုက်များကို မီးရှို့ဖျက်ဆီးခြင်းမှာ ထိရောက်သည့် နည်းလမ်းမဟုတ်ဘဲ လူထုအတွက် အန္တရာယ်ရှိနိုင်ပြီး အမှိုက်များကို စနစ်တကျ ထိန်းသိမ်းရန် ပြည်သူများပါ တာဝန် ရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။

ယင်းအပြင် မွန်ပြည်နယ်၏ အထင်ကရ ကျိုက်ထီးရိုးတောင်ကို လေ့လာရာတွင်လည်း အစိုးရဘက်မှ အမှိုက်နှင့် ပတ်သက်၍ အထူးလုပ်ဆောင်လျက်ရှိသော်ငြား စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ဝန်ထမ်းအင်အား အပြည့်အဝ မရှိခြင်းကြောင့် လုပ်ငန်းတွင် အားနည်းလျက်ရှိကြောင်း ၎င်းက ထောက်ပြပြောဆိုသည်။

ထို့ပြင် အမှိုက်များကို စနစ်တကျ လုပ်ဆောင်နိုင်ရန် master planတစ်ခုကို လာမည့် မေလအတွင်း ရေးဆွဲနိုင်ရန်အတွက် မတ်လ ၆ ရက်နေ့က မြို့ပေါ် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ မြိ့နယ် အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်စည်ပင် အမှု ဆာင်အရာ ရှိများကို သင်တန်းပေးခဲ့ကြောင်း သိရသည်။

တေဇ

Advertisements

Leave a Reply