ရင်းနှီးမြှုပ်နှံလိုသူတွေ မျက်စိကျနေတဲ့ eBay လုပ်ငန်း

ကယ်လီဖိုးနီးယား မတ် ၁၂

အမေရိကန်အပါအဝင် ကမ္ဘာ့နိုင်ငံတော်တော်များများကို ဝန်ဆောင်မှုပေးနေတဲ့ အွန်လိုင်းကုမ္ပဏီ eBay ကိုရင်းနှီးမြှုပ်နှံပြီး ဝယ်ယူလိုသူ များပြားလာတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။

eBay ကုမ္ပဏီကို ပါရီအိုမီဒိုင်ယာ ၁၉၉၅ခုနှစ်ကတည်းက တည်ထောင်ခဲ့တဲ့ eBay ဝက်ဆိုက်ဒ်ကနေ စတင်ခဲ့တာဖြစ်ပါတယ်။ ဆိုက်ဒ်ပေါ်ကနေ ရောင်းချလိုတဲ့ ကုန်ပစ္စည်းတွေကို ရောင်းနိုင်ပြီး ဝယ်ယူသူတွေကလည်း eBayကနေတစ်ဆင့်ဝယ်ရာကနေမှ နာမည်ကျော် ကုမ္ပဏီကြီးဖြစ်လာတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာ အွန်လိုင်းအသုံးပြုသူတွေဟာ ကမ္ဘာနဲ့တစ်ဝှမ်းရှိနေတာကြောင့် eBay လုပ်ငန်းဟာ အမြတ်ငွေတွေအများကြီးဖန်တီးနိုင်နေဖွယ်ရှိတယ်လို့ အမေရိကန်ကုန်သည်များအဖွဲ့ဝင် ဂျင်ခရင်မာက ပြောပါတယ်။ “ကျနော်ကိုယ်တိုင်တောင် eBay လုပ်ငန်းကို စိတ်ဝင်စားပြီးဝယ်ယူလိုစိတ်ရှိနေပါတယ်”လို့ မီဒီယာတွေကို ပြောခဲ့ဖူးပါသေးတယ်။

ဒါ့အပြင် eBay လုပ်ငန်းနဲ့ တွဲဖက်လုပ်ကိုင်နေတဲ့ Delivary ဝန်ဆောင်မှုကလည်း အမြတ်ငွေ သန်းထောင်ချီပြီး ရှိနေပါသေးတယ်။

eBayရဲ့ ရှယ်ယာတွေကို ထုတ်ရောင်းလေ့မရှိတာကြောင့် လုပ်ငန်းဈေးကွက်မြင့်တက်လာတာနဲ့ အမျှ ရှယ်ယာတန်ဖိုးလည်း နှစ်ဆနီးပါး ခုန်တက်လာပါတယ်။ ဒီလိုအနေအထားနဲ့ ဈေးကြီးပေးဝယ်ရရင်တောင် ရှယ်ယာအချို့ကို ဝယ်ယူလိုသူတွေ ရှိဆဲပဲလို့ eBayရဲ့ စီအီးအို ဒီဗင်ဝီရင်က ပြောပါတယ်။

eBay လုပ်ငန်းဟာ အမြတ်ငွေတွေ အမြောက်အများရရှိနေပေမဲ့ ဝန်ဆောင်မှုပေးတဲ့နေရာနဲ့ လုပ်ငန်းလုပ်ကိုင် ရမှှုမှာ သက်သောင့်သက်သာဖြစ်လွန်းတာကြောင့် ဘုရားပေးတဲ့ဈေးကွက်လို့တောင် တင်စားကြတယ်လို့ ဒီဗင်က ပြောပါသေးတယ်။

လက်ရှိမှာတော့ eBayရဲ့ ရှယ်ယာပေါင်း အမေရိကန်ဒေါ်လာ သန်းတစ်ထောင် တန်ဖိုး ရောင်းချပေးပြီးသားဖြစ်ပြီး နောက်ထပ်ရောင်းချဖို့ အစီအစဉ်မရှိသေးဘူးလို့ သိရပါတယ်။

CNBC

Advertisements

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်