မော်လမြိုင် – သံဖြူဇရပ်လမ်းတွင် ကားတစ်စီး မီးလောင်

ဓာတ္ပံု - ရဲဇာနည္ ဓာတ်ပုံ - ရဲဇာနည်

မုဒုံမြို့နယ် ရောင်းဒေါင်းကျေးရွာအနီး၊ မော်လမြိုင်-သံဖြူဇရပ်ကားလမ်း မိုင်တိုင် ၃၄/၁-၂ ကြားတွင် ယာဉ်တစ်စီး မီးလောင်ကျွမ်းမှုဖြစ်စဉ် မတ် ၁၁ ရက် မွန်းမတည့်မီ နံနက် ၁၀ နာရီခွဲခန့်အချိန်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မော်လမြိုင်မှ သံဖြူဇရပ်သို့ တင်စိုးဆိုသူ မောင်းနှင်လာသည့် RLG/×××× Toyota Ipsum ယာဉ်မှာ အင်ဂျင်အပူလွန်ကဲ၍ မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်ကြောင့် လူ ထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်းလည်း သိရသည်။

သို့ဖြစ်၍ အဆိုပါ ယာဉ်မောင်း တင်စိုး (၄၅ နှစ်၊ ကျိုက္ခမီမြို့၊ အောင်သုခရပ်ကွက်နေသူ)ကို ကမာဝက်နယ်မြေရဲစခန်းတွင် ယာဉ်(ပ)၆/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၂၈၅/၂၀၂ ဖြင့် အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ချက်အရ သိရသည်။

Advertisements

ဓာတ်ပုံ – ရဲဇာနည်

Advertisements

Leave a Reply