အီရတ်နှင့် အီရန် ကုန်သွယ်ရေး ပူးပေါင်းမည်

အီရန် မတ် ၁၃

အီရတ်နှင့် အီရန်နိုင်ငံတို့ ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များကို အကျိုးတူ ပူးပေါင်းလုပ်သွားမည် ဖြစ်ကြောင်း အစိုးရအဖွဲ့အသီးသီးက မတ်လ ၁၂ရက်တွင် ကြေညာချက်ထုတ်ပြန်သည်။

အီရတ် ဝန်ကြီးချုပ် Abdul Mahdi သည် မတ် ၁၁ ရက်တွင် အီရတ်သို့လာရောက်လည်ပတ်သည့် အီရန် သမ္မတ Rouhani နှင့် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့သည်။ ဆွေးနွေးပွဲအပြီးတွင် ကုန်သွယ်စီးပွားပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ထိုသဘောတူညီချက်နောက်ပိုင်းတွင် ကုန်သွယ်ရေးကိစ္စများကို နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းလုပ်ဆောင်သွားရ တော့မည်ဖြစ်ပြီး မတ်လကုန်မှ စတင်အကျုံးဝင်မည်ဖြစ်သည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် အကြမ်းဖက်ဆန့်ကျင်ရေး၊ ရေနံ၊ လယ်ယာစိုက်ပျိုးရေး ၊ လမ်းပန်း ဆက်သွယ်ရေး ၊ ဆေးဝါးကုသရေးနှင့်စက်မှုလုပ်ငန်း စသည့် ကဏ္ဍများ၏ ပူးပေါင်းဆောင်ရွက်မှု များကို ဆွေးနွေးခဲ့ကြကြောင်း အီရတ်နိုင်ငံ ဝန်ကြီးချုပ် သတင်းပြန်ကြားရေးရုံးမှ မတ် ၁၁ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ဆွေးနွေးပွဲအပြီးတွင် နှစ်နိုင်ငံအကြား နားလည်မှုစာခွန်လွှာများ လက်မှတ်ရေးထိုးခဲ့ကြရာ ရေနံ၊ ကုန်သွယ်ရေးနှင့် ဆေးဝါကုသရေးစသည့် ကဏ္ဍများပါဝင်သလို အီရတ်နိုင်ငံ တောင်ပိုင်း Basraမြို့နှင့် အီရန်နိုင်ငံ နယ်စပ် halamjah မြို့သို့ ဆက်သွယ်သည့် ရထားသံလမ်း တည်ဆောက်မှုလည်း ပါဝင်ကြောင်း သိရသည်။

အီရန် သမ္မတ Rouhaniသည် မတ် ၁၁ ရက်တွင် ဘဂ္ဂဒက်မြို့သို့ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး လည်ပတ်ရေး ခရီးစဉ်သည် ၃ ရက်ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။ ယခုခရီးစဉ်မှာ Rouhani ၂၀၁၃ ခုနှစ် အီရန်သမ္မတရာထူးကို စတင် ထမ်းဆောင်ပြီးနောက် ပထမဆုံးအကြိမ် အီရတ်သို့ လာရောက် လည်ပတ်ခြင်း ဖြစ်သည်။

အီရတ်နှင့်အီရန် အကြားတွင် နိုင်ငံရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုစသည့်ကဏ္ဍများတွင် နီးကပ်သည့် ဆက်ဆံရေးရှိကြောင်း ၊ အမေရိကန်၏ အီရန်အပေါ်ပိတ်ဆို့မှုများ ပြန်လည်ဆောင်ရွက်ပြီး ၄ လကျော် ကြာကာလတွင် အီရတ်နှင့်အီရန်အကြား ကုန်သွယ်စီးပွားရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှု တိုးမြှင့် လုပ်ဆောင်ခြင်းသည် အီရန် ရင်ဆိုင်နေရသည့် စီးပွားရေးဖိအားကို လျော့နည်း သက်သာစေမည်ဖြစ်ကြောင်း သုံးသပ်သူအချို့က ယူဆသည်။

CNN

Advertisements

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်