မျက်စဉ်းခပ်ချိန်တန်ပြီ

ကြက်ဆူတောရွာသားများ ဒီတစ်လော လှုပ်လှုပ်ရွရွဖြစ်နေကြ၏။ ကြက်ဆူတော၏
အဓိကမျက်နှာ ဖုံးဖြစ်သော ပဏ္ဍိတများ၏ သားသမီးများ
ဘ့ွဲယူကြမည့်အတွက်ကြောင့်ဖြစ်ပေသည်။

စတုသစ္စမောင်လွမ်းမိုးလေး၏သား၊ မောင်မိုးဖြိုးကား
သိပ္ပံ(ဓာတုဗေဒအဓိက)ဖြင့် ဘွဲ့ယူမည်ဆို၏။ ကောင်းလေစွတကား။

အနာဂတ်ကြက်ဆူတောတွက်၊ ဓာတုဗေဒထူးချွန်ပညာရှင်တစ်ယောက်တော့ဖြင့်
ထွန်းပေါက် ပေါ်ထွန်းလာအံ့ဟု တွေးဆ၍၊ ကြက်ဆူတောသားများပျော်ရွှင်နေကြလေ၏။

ထို့အတူ လူမှုရေးဆလိုင်းဂျစ်သိုး၏သမီး မီမီဂျစ်သိုးကလည်း
ဝိဇ္ဇာ(ပထဝီအဓိက)ဖြင့် ဘွဲ့ယူကြမည် ကို ကြားသိကြလေလျင်
ရွာအတွက်အားကိုးရချေမည့် ပထဝီပညာရှင်တစ်ယောက်တော့ဖြင့် ပေါ်ထွန်းလာ
ပေတော့အံ့ဟု ဝမ်းမြောက်ကြည်နူးနေကြလေတော့သည်။ သူတို့ရွာသည်လဲ အရင်က
နာဂစ်ဆိုလား မုန် တိုင်းဒဏ်ကို ခံစားခဲ့ဘူးသောကြောင့် ခုတော့ဖြင့်
မိုးလေဝသနှင့်ဇလဗေဒဘာသာတို့နှင့် ဆက်စပ်နေသည့် ပထဝီပညာကို
သင်ယူခဲ့သူတစ်ဦးဘွဲ့ရပြီဆိုသည့်အခါ ရွာအတွက် အားကိုးလို့ရပြီဟဲ့ဆိုကာ
ပျော်ရွှင်နေကြ လေ၏။

Advertisements

တေးသော်ရီ၏သား မောင်ဇော်ရီကလည်း အများနည်းတူ B.Agr Sc ဘွဲ့ယူရတော့မည်ကို
သိကျ လေလျင် စိုက်ပျိုးရေးကိုသာ အဓိကအားထားကြသည့်
ရွာသားများဖြစ်သည့်အားလျော်စွာ တို့ကြက်ဆူ တောတွက် အားကိုးရချေတော့မည့်
စိုက်ပျိုးရေးပညာရှင်တစ်ယောက်တော့ဖြင့် ရချေပြီဟု ဝမ်းမြောက်ကျ လေတော့၏။
စိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ပြဿနာအရပ်ရပ်တွက် ပြေလည်တော့အံ့ဟု မာန်တက်၍လဲ
နေ ချေတော့၏။

ထိုနည်းတူစွာ ကြက်ဆူတောသား မီဒီယာဆရာကြီးမင်းဗညားထွေး၏သား
မင်းဗညားဆိုးလိတ် သည်လည်း ဥပဒေဘွဲ့ ယူရတော့မည်ဟု သိကြလေလျှင်
ကြက်ဆူတောသားအပေါင်းတို့သည် တရားရေး မဏ္ဍိုင်ကို ရွဲ့စောင်းနေစေသည့်
ဥပဒေပညာရှင်များကို စိတ်ကုန်ခမ်းလာသူများပီပီ တို့ရွာထွက် ဥပဒေပညာ
ရှင်တစ်ယောက်အစွမ်းဖြင့် တရားရေးမဏ္ဍိုင်ကို ပြန်လည်ထူမတ်ပေတော့အံံ့ဟု
ဝမ်းမြောက်ရွှင်မြူး အထူး အားတက် ဖြစ်နေကျချေတော့၏။

ထိုနည်းတူစွာ ကြက်ဆူတောသား လှည့်စားဘွဲ့ခံ ဗညားကွမ်းစားညီညီလွင်၊
ရိုက်စားဘွဲ့ခံမင်းသက် ခိုင်နှင့် ဗိန္ဓောတုတ်ကြီးတို့၏
သားသမီးများသည်လည်း ဘွဲ့ယူကြတော့မည်ဆိုသည့်အခါ ကြက်ဆူတော သားများ၏
ရွှေရောင်အနာဂတ်များ တောက်ပလာတော့အံ့ဟူ၍ တွေးတော ဝမ်းမြောက်ကြလေတော့သည်။
ကြည်နူးဝမ်းမြောက်မဆုံးဖြစ်ကြလေတော့သည်။ တို့ကြက်ဆူတောလဲ
လူသားအရင်းမြစ်များဖွံ့ဖြိုးလာသော ကြောင့် မကြာမတင်
စီးပွားရေးလူမှုရေးများ ဟန်ချက်ညီညီတိုးတက်လာချေတော့အံ့။ အရှေ့တောင်အာရှ
ကျားများစာရင်းတွင် နောက်တိုးကျားအဖြစ် စာရင်းဝင်ပေတော့အံ့ဟု
မာန်တက်နေကျချေ၏။

ထိုဘွဲ့ယူကြသည့်နေ့က ပုံစံမျိုးစုံဖြင့် ဓာတ်ပုံရိုက်ကျ၏။

ဘွဲ့နှင်းသဘင်ပွဲ မတိုင်ခင်နေ့ ရီဟာဇယ် အခမ်းအနားတွင်လည်း
ဓာတ်ပုံရိုက်ကျ၏။ ဘွဲ့ယူသည့်နေ့က ဘွဲ့နှင်းသဘင်ခန်းမထဲတွင်လည်း
ဓာတ်ပုံရိုက် ကျ၏။ ဘွဲ့နှင်းသဘင်ခန်းမရှေ့တွင်လည်းဓာတ်ပုံရိုက်သည်။
သစ်ပုတ်ပင်ရှေ့တွင်လည်းဓာတ်ပုံရိုက်၏။ ဘွဲ့ လက်မှတ်ကလေးပိုက်ပြီး
မိဘများနှင့်အတူဓာတ်ပုံရိုက်၏။ ခင်မင်ရင်းနှီးသော
သူငယ်ချင်းများနှင့်တွဲ၍ လည်း ဓာတ်ပုံရိုက်၏။

ကျောင်းပြီးဘွဲ့ရပြီးသောအခါ သူတို့ကလေးတွေ အသီးသီး
လုပ်ငန်းခွင်တွက်ကျုရှင်တက်၏။ လျောက်လွာခေါ်သော ဌာနတိုင်းတွင်
အလုပ်လျောက်၏။ အရည်အချင်းကြောင့်လား၊ ခြွင်းချက်များကြောင့် လားတော့
မပြောတတ်။ သူတို့ အလုပ်မရကျပေ။

Advertisements

မောင်လွမ်းမိုးလေး၏သား မောင်အာကာဖြိုးသည် သူအဓိကယူခဲ့သော ဓာတုဗေဒပညာကို
အပြင် လောကတွင် အသုံးတည့်အောင်မည်သို့အသုံးချရမည်ကို မသိတတ်ဖြစ်နေ၏။
အနိမ့်ဆုံး အကြော်ဆိုင်သုံး အချဉ်ကိုလည်းကောင်း၊ ကွမ်းစားထုံးကို
ကွမ်းစားသုံးသူ ဆိုဒ်အဖက်အဖြစ်အောင် မရောစပ်တတ်ခဲ့ချေ။

ထို့အတူ ဥပဒေဘွဲ့ရ လူငယ်တစ်ယောက်ကလည်း သူယူခဲ့သည့် ဥပဒေပညာဖြင့်
အပြင်လောက တွင် မည်သို့ရပ်တည်ရမည်ကို မသိတတ်ခဲ့ချေ။ ပို၍ဆိုးသည်မှာ
သူ့အဖေတရားတဘောင်ဖြစ်နေသည်ကို ပင် သူယူခဲ့သည့် ဥပဒေပညာဖြင့်
အကာအကွယ်မပေးနိုင်ခဲ့ချေ။

ထို့အတူ ကြက်ဆူတော၏ ဘွဲ့ရလူငယ်အသီးသီးတို့သည် ကြက်ဆူတောရွာမှ ဘွဲ့ရပြီး
သူတို့ပညာ ဖြင့် ကြက်ဆူတောကို မည်သို့မျှ အကူအညီပေးနိုင်ခြင်းမရှိချေ။

ထို့အတူ သူတို့ အသက်ငါးနှစ်အရွယ်ခန့်မှ စတင်၍ သင်ယူခဲ့သော ပညာများဖြင့်
သူတို့၏စားဝတ်နေရေး မိသားစုထောက်ပံ့ရေးတို့တွက် လုံးဝထောက် ပံ့ရန်
မဖြစ်နိုင်ကြောင်း သေချာသွားသောအခါ သူတို့ သင်တန်းများတက်ကျလေ၏။

ထို့နောက် ကကြီးကုန်း၊ ဂငယ်ကုန်း၊ စလုံး၊ ယပက်လက်ကုန်း
စသည့်ကျေးရွာများသို့ အရိဂတ် တော။ ဆဝါဒီခပ်၊ အပုကျိ၊ ဂွတ်ဒမောနင်း၊
အစချီသည့်ဂါထာတေးသွားရွတ်ဆိုရင်း GW(အထွေထွေလုပ် သား)၊
Maid(အိမ်အကူအဖြစ်) မိမိတို့သင်ယူခဲ့သည့် ဘွဲ့များနှင့် ခန့်ခန့်ထည်ထည်
ဝင့်ဝင့်ကြွားကြွားရပ် တည် ဝင်ငွေရှာရန် တခြားရွာများသို့
ချီတက်သွားကျလေတော့၏။

ယနေ့ ကြက်ဆူတော၏ လူသားရင်းမြစ် စီးထွက်ခြင်းနှင့်၊
ဦးနှောက်စီးယိုထွက်ခြင်း ပြဿနာအ တွက် အဖြေရှာဖွေကျရန် ကြက်ဆူတော ပဏ္ဍိတ
တသိုက်ထုံးစံအတိုင်း Google Tea Shop သို့ စုရုံးရောက် ရှိနေကျလေ၏။

ပထမဦးစွာ ကြက်ဆူတော၏ သမ္ဘာအရင့်ဆုံး အာဝါဒါး စတုသစ္စကြီးက
စိတ်ပျက်သံစွက်၍ ဆွေး နွေးလေတော့၏။

” တို့ကြက်ဆူတောမလဲ တနေ့တခြား စိတ်ပျက်စရကောင်းလာပြီကွာ ခုဆို
တို့ကြက်ဆူတောမှာ အနာဂတ်မှာ အားထားရမယ့် ပဲ့ကိုင်ရှင်များမလဲ
တခြားရွာတွေမှာ သွားပြီး အလုပ်လုပ် ငွေရှာနေတော့ ရွာ ထဲမှာ သူခိုးလိုက်၊
ဓားပြဖမ်း၊ ဖို့မပြောနဲ့ ခွေးမောင်း၊ ကြက်နှင်တောင် လုပ်ဖို့လူအင်အား
မလုံလောက်သလို ဖြစ်နေပြီ၊ ရေရှည်တော့ ဒီအခြေအနေက တို့ရွာက
ဇမ္ဗူဒိပ်နဲ့ယှဉ်လိုက်ရင် နိမ့်ကျလွန်းတဲ့ အခြေအနေကို ပြ နေတာပဲ၊ ဒါကို
တို့တွေရပ်တန့်အောင်ခုကတည်းက မလုပ်နိုင်ကျရင်၊ တို့ကြက်ဆူတောဟာ ဘယ်သူကမှ
လာမသိမ်းပိုက်ပဲ အလိုလို တခြားရွာတွေရဲ့ သြဇာခံ ဖြစ်သွားလိမ့်မယ်ကွ
ဒီတော့ ခုကိစ္စကို ရပ်တန့်အောင် တို့အချိန်မီ တားဆီးကျဖို့
အဖြေရှာသင့်ကျပြီကွ”

ထို့နောက်သူတို့အသီးသီးက သူတို့ထင်မြင်ချက်များ သူတို့တွေ့ရှိချက်များကို
တင်ပြဆွေးနွေးကျ လေတော့၏။ သို့သော်အဖြေကား လက်ရှိသူကြီးများက
ဘွဲ့ရလူငယ်များကို သင့်တော်သော အလုပ်အကိုင် အခွင့်အလမ်းများ
ဖန်တီးမပေးနိုင်သောကြောင့် ဘွဲ့ရ အလုပ်လက်မဲ့များပြားလာပါသည်ဟူသော
အဖြေကို တညီတညွတ်တည်း ကန့်ကွက်ရန်မရှိ ဆုံးဖြတ်သုံးသပ်ကြလေတော့၏။

ထိုအချိန်တွင် တေးသော်ရီက တစ်စုံတစ်ခုကို သတိရသည့်အလား ထ၍ပြောလိုက်လေ၏။

” ကဲ— ကဲ- – – ဆရာချွန်လည်း ဝင်ဆွေးနွေးလေ၊ ဆရာကလည်း ဦးရှင်ကြီးလိုပဲ
အမြဲ အပင့်အ ဖိတ်စောင့်သကိုး ဒီကိစ္စက ကျွန်တော်တို့ရွာရဲ့
အနာဂတ်ရေးပဲလေဆရာရဲ့ ဆွေးနွေးပါဦးခင်ဗျာ”

ဆရာချွန်ကား ဒေါ်တင်နု(ကွမ်းသီးဖက်ဆေးလိပ်)ကို တဖွားဖွား ဖွာရှိုက်ရင်း
ဇိမ်တွေ့နေလေ၏။ တေးသော်ရီ၏ စကားသံကြောင့် ကမန်းကတန်း သူ့ရှေ့မှ
ငှဲ့ထားသော ရေနွေးကြမ်းခွက်ကို ကောက်ယူမော့ သောက်ပြီး ဒရောသောပါး
ဝင်ရောက်ဆွေးနွေးလေတော့၏။

” အဲဒါတော့၊ ခက်တာပေါ့၊ မောင်ရင်တို့ိရဲ့အမြင်က ဘွဲ့ရလူငယ်တွေကို
ဝန်ထမ်းလုပ်ရမယ်၊ ဝန် ထမ်းလုပ်ဖို့အတွက်လည်း အုပ်ချုပ်သူ သူကြီးက
အလုပ်ပေးရမယ်ဆိုတဲ့ ကိုလိုခေတ်အမြင်တွေကို ဖက် တွယ်ထားဆဲပါပဲလား၊
ဒီအမြင်တွေက ကိုယ်တို့ကြက်ဆူတောတွက် ရှေ့မရောက်ပဲ နောက်ကြောင်းပြန်မဲ့
အမြင်မျိုးတွေပဲလို့ ကိုယ်ပြောချင်တယ်။ တကယ်ဖြစ်သင့်တာတော့ ကျုရှင်တက်၊
(၈)ပုဒ်ကျက်၊ ခန့်မှန်းမေး ခွန်းစောင့် ပညာရေးမျိုးအစား၊ တကယ်တတ်၊
တကယ်သိတဲ့ ပညာရေးမျိုးကို တည်ဆောက်ရမယ်၊ အဲလို ပ
ညာရေးမျိုးတည်ဆောက်ဖို့လဲ၊ အုပ်ချုပ်သူ သူကြီးများကစီစဉ်သင့်သလို၊
အရည်အချင်းပြည့်ဝတဲ့ သင်ကြား ပေးသူများရရှိအောင် ပျိုးထောင်သင့်တယ်၊
အရည်အချင်းပြည့်ဝတဲ့သူရှာဖွေတဲ့အခါ မှာလည်း၊ သူဟာ သင် ကြားရေးအလုပ်ကို
တကယ်စိတ်နှစ်လုပ်ကိုင်ခြင်သူလား၊ လုပ်ခ လစာရဖို့တွက် လုပ်ကိုင်သူလားတော့
ကြည့်ရှုသင့်တယ်။အရည်အချင်းတော့ ရှိပါရဲ့ သင်ကြားရေးကို စိတ်မပါရင်၊
တပည့်(သင်ကြားခံရသူ)ကို့သေသေချာချာ ပညာ ပြန်မပေးနိုင်တော့ဘူး၊
နောက်ပြီး၊ သင်ကြားပေးသူက အရည်အချင်း အမှတ်တစ်ရာ
နှစ်ဆယ့်ငါးမှတ်ဖိုးလောက်ထိတတ်ထားမှ တပည့်တွေကို ပညာပြန်ပေးတဲ့ခါ
အမှတ်တရာဖိုးလောက်ကျန် ပေတော့မပေါ့။ ထို့အတူ တပည့်တွေကလည်း
ဆရာတွေသင်ကြားသမျှကို တကယ်တတ်သိအောင်လုပ်ပါမှ ဝန်ထမ်းအလုပ်မရရင်လဲ
ကိုယ်ယူထားတဲ့ဘာသာရပ်နဲ့ ကိုယ့်ဟာကိုယ် ရပ်တည်နိုင်အောင်လုပ်ဆောင်နိုင်
မှာပေါ့ ခုတော့ တို့ကြက်ဆူတောမှာ ဘွဲ့ရပေမယ့် ကိုယ်ယူထားတဲ့
ကိုယ်ဘွဲ့ရလာတဲ့ ဘာသာရပ်နဲ့ ကိုယ့် ဟာကိုယ် မရပ်တည်နိုင်တော့
အခြားရွာကိုထွက်ပြီး၊ အိမ်ဖော်လုပ်လိုက်၊ အထွေထွေလုပ်သားလုပ်လိုက်နဲ့
အခိုင်းခံဘဝက မထွက်နိုင်ဘူး ဒီကြားထဲ ရွာထဲမှာလဲ မဆီမဆိုင် ဇာတိမာန်ကလဲ
ထထပွားချင်သေးတော့ တို့တွေဟာ တံလျပ်ကို ရေထင်တဲ့လူလို၊ မိတ္ထဝိန္ဒကလို
ငရဲပန်းကို ရွှေပန်းလို့ထင်နေတဲ့သူလို ဒုက္ခများရုံတွင် မကပဲ တဖြေးဖြေး
လုံးပါးပါးကုန်လိမ့်မယ်၊ ဒီတော့တို့တွေ ခုကတည်းက အချိန်မနှောင်းခင်
ပြုပြင်ကျပေ တော့၊ အရင်ဆုံးကတော့ မောင်ရင်တို့ရဲ့ ကျဉ်းမြောင်းနေတဲ့
အမြင်ကို ကျယ်သွားစေဖို့ အမြင်ကျယ်မျက် စဉ်းခပ်ကျပေတော့လို့
မှာလိုက်ပါရစေ”

ပြောပြောဆိုဆိုဖြင့် ဆရာချွန်တစ်ယောက် Google Tea House တွင်းမှ
ထွက်ခွာသွားချေတော့သတည်း။ ။

ဆရာချွန်

Advertisements

Leave a Reply