ကာကွယ်ရေးအသုံးစရိတ်မြှင့်တင်ရန် ကန် သမ္မတ တောင်းဆို

25
President Donald Trump speaks to service members at Joint Base Elmendorf-Richardson, Alaska, Feb. 28, 2019. The President was at the base to meet with service members after returning from a summit in Hanoi, Vietnam. (U.S. Air Force photo by Staff Sgt. Westin Warburton)

ဝါရှင်တန် မတ် ၁၂

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ၂ဝ၂ဝ ပြည့်နှစ် ရသုံးမှန်းခြေစာရင်းတွင် ကာကွယ်ရေး အသုံးစရိတ်အတွက် ငွေကြေးပိုမို သုံးစွဲရန် အဆိုပြုခဲ့သည်။

အိမ်ဖြူတော်က မတ် ၁၁ ရက်တွင် အစိုးရအဖွဲ့၏ ရသုံးမှန်းခြေစာရင်းကိုကြေညာခဲ့ခြင်းဖြစ်ပြီး ထိုသို့ကြေညာပြီးနောက် သမ္မတထရန့်က အကြံပြုချက်ထုတ်ကာ တောင်းဆိုလိုက်ခြင်းဖြစ်သည်။

သမ္မတထရန့်က ပြည်သူများအား ကတိပြုခဲ့သည့် အတိုင်း ကာကွယ်ရေးကဏ္ဍကို မြှင့်တင်ရန် ကြိုးပမ်း လျက်ရှိသည်။ သို့သော် သူ၏အစီအစဉ်များနှင့် အဆိုပြု ချက်များအပေါ် ဒီမိုကရက်တစ်ပါတီက ဆန့်ကျင်ကန့်ကွက်လျက်ရှိသည်။

ဝါရှင်တန်၏ နိုင်ငံရေးလွန်ဆွဲပွဲသည် ယခုအချိန်မှစပြီး လာမည့်နှစ် ရွေးကောက်ပွဲထိတိုင် ဆက်လက်ဖြစ်ပွားနေဦးမည်ဖြစ်ကြောင်း နိုင်ငံရေး စောင့်ကြည့်လေ့လာသူများက ဆိုသည်။

အဆိုပြုချက်တွင် သမ္မတထရန့်က ဒေါ်လာ ၇၅ဝ ဘီလီယံကို ကာကွယ်ရေးအသုံးစရိတ်တွင် သုံးစွဲရန် အဆိုပြု ထားသည်။ အဆိုပါငွေကြေးပမာဏသည် လွန်ခဲ့သော နှစ်ကထက် ငါးရာခိုင်နှုန်း ပိုမိုများပြားသည်။ အဆိုပါ ကာကွယ်ရေးအသုံးစရိတ်တွင် တရုတ်နှင့် ရုရှားနိုင်ငံ များ၏ ခြိမ်းခြောက်မှုများကို တုံ့ပြန်နိုင်ရန် အာကာသ ကာကွယ်ရေးစခန်းအသစ်တစ်ခု ဖွင့်လှစ်ရန်အတွက် ပါဝင် ကြောင်း သိရသည်။

ထို့အပြင် ကာကွယ်ရေးအသုံးစရိတ်တွင် အသံထက် ပိုမိုမြန်ဆန်သော ဒုံးကျည်များကို တန်ပြန်ချေမှုန်းနိုင်ရန် အာကာသအခြေစိုက်အာရုံခံကိရိယာစနစ်များ တပ်ဖြန့် ထားရှိရေး အစီအစဉ်များလည်း ပါဝင်သည်။

သို့သော် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အမေရိကန်အေဂျင်စီအတွက် အသုံးစရိတ်များကို ၂၃ ရာခိုင်နှုန်းမှ ဒေါ်လာ ၁၂ ဒသမ ၃ ဘီလီယံအထိ သိသိသာသာ လျှော့ချခဲ့ကြောင်း သိရ သည်။ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး အေဂျင်စီ အတွက် အသုံးစရိတ်များကိုလည်း ၃၁ ရာခိုင်နှုန်းမှ ဒေါ်လာ ၆ ဒသမ ၁ ဘီလီယံအထိ လျှော့ချခဲ့သည်။

NHK

Advertisements

Leave a Reply