နစ်နာကြေး ဒေါ်လာ သန်း ၃၀ နီးပါး တရားစွဲသူထံ ပေးရန် ဂျွန်ဆင် ကုမ္ပဏီကို အမိန့်ချ

ကယ်လီဖိုးနီးယား မတ် ၁၅

ကင်ဆာဖြစ်ပွားစေခဲ့သည်ဟူသော စွဲချက်ဖြင့် ဂျွန်ဆင် ကလေးပေါင်ဒါ ကုမ္ပဏီကို တရားစွဲဆိုခဲ့သည့် အမျိုးသမီးကို ကုမ္ပဏီဘက်မှ အမေရိကန်ဒေါ်လာ ၂၉သန်း နစ်နာကြေးပေးရန် မတ်လ ၁၅ရက်တွင် တရားရုံးက အမိန့်ချသည်။

ဂျွန်ဆင်ကုမ္ပဏီသည် အလားတူ အမှုပေါင်းများစွာကို ရင်ဆိုင်ခဲ့ရဖူးပြီး ပထမဆုံးအကြိမ် နစ်နာကြေး အများအပြားပေးဆောင်ရခြင်းဖြစ်သည်။

ကုမ္ပဏီဘက်မှ ထုတ်ကုန်များသည် ကင်ဆာဖြစ်ပွားစေသည့် မည်သည့် ဓါတုပစ္စည်းမှမပါဝင်ကြောင်း ငြင်းဆိုခဲ့သော်လည်း တရားရုံးက နစ်နာကြေးပေးဆောင်ရန် အမိန့်ချခဲ့သည်။

ဂျွန်ဆင်ကုမ္ပဏီသည် တရားရုံး၏ ဆုံးဖြတ်ချက်အတွက် အယူခံတင်သွင်းသွားမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါအမှုကို ကယ်လီဖိုးရီးယားရှိ အိုကာလန် တရားရုံးတော်မှ စစ်ဆေးအမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ကုမ္ပဏီအနေနှင့် တရားဥပဒေနှင့် တရားရုံးဆုံးဖြတ်ချက်ကို လေးစားသော်လည်း မိမိတို့ထုတ်ကုန်များ အန္တရာယ်ရှိကြောင်း အထင်မလွဲစေလိုသဖြင့် အယူခံတင်သွင်းသွားမည်ဖြစ်ကြောင့် တရားဝင် ထုတ်ပြန်ချက် ထုတ်ပြန်ခဲ့သည်။

ထို့အပြင် ကလေးအတွက်ထုတ်လုပ်ထားသော ပေါင်ဒါမှ ကင်ဆာဖြစ်စေခဲ့သည်ဆိုတော့ စွပ်စွဲချက်ကြောင့် ဒဏ်ငွေပေးဆောင်ရခြင်းကိုအလွန်အမင်းခံပြင်းမိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဂျွန်ဆင်ကုမ္ပဏီသည် တရားဆွဲဆိုမှုပေါင်း ၁၃၀၀၀ကျော်ထက်မနည်းရင်ဆိုင်ခဲ့ရဖူးသော်လည်း ပထမဆုံးအကြိမ် အမှုရှုံးခဲ့ခြင်းဖြစ်သည်။ နာမည်ကြီးထုတ်ကုန်များကိုအဓိကထား ငွေညှစ်တရားစွဲသည့် ကိစ္စများအတွက် ဂျွန်ဆင်သည် ပြိုလဲသွားမည်မဟုတ်ကြောင်း ကုမ္ပဏီဘက်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ဂျွန်ဆင်ကုမ္ပဏီသည် နှစ်ပေါင်း ၁၂၄နှစ်ကြာခဲ့သော အမှတ်တံဆိပ်ဖြင့် ကုမ္ပဏီတစ်ခုဖြစ်ပြီး မိခင်နှင့် ကလေးများစွာတို့အတွက် အားထားရသည့်ထုတ်ကုန်များသာထုတ်ခဲ့ကြောင်း တောက်လျှောက်မည်သည့် ပြသနာမှ မဖြစ်ခဲ့ဖူးဘဲ ယခုအကြိမ်တွင် ပထမဆုံး နစ်နာကြေးပေးရသည့်အပေါ် လက်မခံနိုင်ကြောင်း ၎င်းကဖြည့်စွက်ပြောဆိုသည်။

CNBC

Advertisements

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်